ပလာတီနီ၏ ပြစ်ဒဏ်ပြီးဆုံးခြင်းနှင့်ပတ်သက်၍ AFP သတင်းဌာနက လက်ရှိ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိကြောင်း သိရသည်။ ပလာတီနီကမူ ဘောလုံး လောကသို့ပြန်လာမည်ဖြစ်သော်လည်း အခြေအနေနှင့် အချိန်ကို မဆုံးဖြတ်ရသေးကြောင်း ပြီးခဲ့သည့်လက ဆွစ်ဇာလန်ရုပ်သံ RTS သို့ ပြောကြားထားသည်။ "ကျွန်တော် ပြန်လာမှာပါ။ ဘယ်တော့ပြန်လာမလဲ၊ ဘယ်လိုပုံစံနဲ့ပြန်လာမလဲဆိုတာတော့ မသိသေးပါဘူး" ဟု ၎င်းကဆိုသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌဟောင်း ပလာတီနီ၏ ဘောလုံးလောကနှင့်ပတ်သက်ခွင့် လေးနှစ်ပယ်ပြစ်ဒဏ်မှာ အောက်တိုဘာ ၇ ရက် တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ပလာတီနီသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဟောင်း ဘလတ္တာထံမှ ယူရိုနှစ်သန်း လက်ခံရယူမှုကြောင့် ၎င်းနှင့်အတူ ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်သည်။ ပြင်သစ်လက်ရွေးစင်ဘောလုံးသမားဟောင်း ပလာတီနီသည် Ballon d'Or (ရွှေဘောလုံးဆု) ကို ၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅ သုံးနှစ်ဆက်တိုက်ရရှိခဲ့သူ ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် UEFA ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ဘောလုံးသမားဟောင်းဘဝမှ UEFA ဥက္ကဋ္ဌအဖြစ် ပထမဆုံးရွေးချယ်ခံရသူဖြစ်လာပြီး ၂၀၁၆ UEFA ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဘလတ္တာ၏နေရာ အစားထိုးနိုင်မည့်သူအဖြစ် ရေပန်းစားခဲ့သည်။
သို့သော် ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုမှာပင် ၂၀၁၁ ခုနှစ်အတွင်း ဘလတ္တာထံမှ ယူရိုနှစ်သန်း လက်ခံရယူခဲ့ခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံခဲ့ရပြီး ခြစားမှုစွဲချက်မှ လွတ်မြောက်ခဲ့သော်လည်း အာဏာအလွဲသုံးမှုအတွက် အပြစ်ရှိသဖြင့် ဘောလုံးလောကနှင့်ပတ်သက်ခွင့် ခြောက်နှစ်၊ ဘလတ္တာက ရှစ်နှစ်ပိတ်ပင်ခံခဲ့ရသည်။ နှစ်ဦးစလုံးက ပြစ်ဒဏ်ကို အယူခံဝင်ရာ ပလာတီနီက လေးနှစ်နှင့် ဘလတ္တာက ခြောက်နှစ် သို့လျှော့ချခွင့်ရရှိခဲ့ ပြီး ပလာတီနီ၏ပြစ်ဒဏ်မှာ အောက်တိုဘာ ၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် AFP သတင်းဌာနက ဖော်ပြခဲ့သည်။
ပလာတီနီ၏ ပြစ်ဒဏ်ပြီးဆုံးခြင်းနှင့်ပတ်သက်၍ AFP သတင်းဌာနက လက်ရှိ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိကြောင်း သိရသည်။ ပလာတီနီကမူ ဘောလုံး လောကသို့ပြန်လာမည်ဖြစ်သော်လည်း အခြေအနေနှင့် အချိန်ကို မဆုံးဖြတ်ရသေးကြောင်း ပြီးခဲ့သည့်လက ဆွစ်ဇာလန်ရုပ်သံ RTS သို့ ပြောကြားထားသည်။ "ကျွန်တော် ပြန်လာမှာပါ။ ဘယ်တော့ပြန်လာမလဲ၊ ဘယ်လိုပုံစံနဲ့ပြန်လာမလဲဆိုတာတော့ မသိသေးပါဘူး" ဟု ၎င်းကဆိုသည်။
ထို့ပြင် ပြင်သစ်နိုင်ငံထုတ် Le Monde သတင်းစာနှင့် တွေ့ဆုံစဉ် ပလာတီနီက "ကျွန်တော့်ဆီမှာ ကမ်းလှမ်းမှုတွေ အများကြီးရထားပါတယ်။ ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ဖို့ တောင်းဆိုမှုတွေရထားပါတယ်" ဟု ပြောကြားထားသည်။ နာမည်ကြီး ပြင်သစ်သတင်းစာ L'Equipe နှင့် အင်တာဗျူးတွင်မူ ၎င်းင်းက "ကျွန်တော့်ဇနီးကတော့ ဘယ်တော့မှပြန်မလုပ်ဖို့ ပြောပါတယ်။ ကျွန်တော့်ပြစ်ဒဏ် က အောက်တိုဘာမှပြီးဆုံးမှာပါ။ နောက်ဆုံး FIFA ဥက္ကဋ္ဌရွေးကောက်ပွဲက မေလမှာကျင်းပခဲ့တာဖြစ်လို့ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ လေးနှစ်ကြာဦးမှာပါ" ဟု ပြောကြားခဲ့သည်။