အာဆင်နယ်အသင်းတွင် အိုဇေးလ်ထက် ပွဲထွက်ခွင့်ရသင့်သည့်ကစားသမားများရှိသည်ဟု အမ်မရီ ပြောကြား

အာဆင်နယ်အသင်းတွင် အိုဇေးလ်ထက် ပွဲထွက်ခွင့်ရသင့်သည့်ကစားသမားများရှိသည်ဟု အမ်မရီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 4 October 2019

အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်းတွင် အိုဇေးလ်ထက် ပွဲထွက်ခွင့်ရသင့်ကစားသမားများရှိသည့်အတွက် အိုဇေးလ်ကို အသုံးမပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်းတွင် အိုဇေးလ်ထက် ပွဲထွက်ခွင့်ရသင့်ကစားသမားများရှိသည့်အတွက် အိုဇေးလ်ကို အသုံးမပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမနီကွင်းလယ်လူ အိုဇေးလ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂)ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်သည်။ 

ထို့ပြင် အမ်မရီသည် မန်ယူ၊ စတန်းဒတ်လိဂ်အသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များတွင် အိုဇေးလ်ကို အသင်းလူစာရင်း၌ပင် ထည့်သွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။ 

အမ်မရီက မိမိအနေဖြင့် ခြေစွမ်းအကောင်းဆုံးဟု ယူဆသည့်ကစားသမားများကိုသာ ပွဲထုတ်လေ့ရှိကြောင်းနှင့် အိုဇေးလ်မှာ ပွဲထွက်ခွင့်ရရန် ထိုက်တန်သည့်ခြေစွမ်းမရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။ 

အမ်မရီက "အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပြီး အသင်းကို ကူညီပေးနိုင်မယ်လို့ထင်တဲ့ ကစားသမားတွေကိုပဲ ကျွန်တော် ပွဲထုတ်တာပါ။ တကယ်လို့ အသင်းလူစာရင်းမှာ အိုဇေးလ် မပါဘူးဆိုရင် တခြားကစားသမားတွေက အိုဇေးလ်ထက် ပိုကောင်းလို့ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ နောက်တစ်ပွဲကစားရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ အခုဆုံးဖြတ်နေကျပုံစံအတိုင်းပဲ ဆုံးဖြတ်မှာပါ။ ဒီတော့ ဘုန်းမောက်နဲ့ပွဲမှာလည်း အကောင်းဆုံး (၁၁)ယောက်ကပဲ ပွဲထွက်ခွင့်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

အိုဇေးလ်သည် ၂၀၁၃ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် (၄၂.၅)သန်း ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၃)ပွဲတွင် (၄၃)ဂိုးသွင်းယူပေးထားသည်။ 

သို့သော် အိုဇေးလ်သည် နည်းပြ အမ်မရီလက်ထက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီကလည်း ပြိုင်ပွဲစုံတွင် (၃၅)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။ 

 

Most Read

Most Recent