ချယ်လ်ဆီးအသင်းကို ကြောက်ရွံ့ခြင်းမရှိကြောင်း လိုင်လီနည်းပြ ဂယ်လ်တီယာ ပြောကြား

ချယ်လ်ဆီးအသင်းကို ကြောက်ရွံ့ခြင်းမရှိကြောင်း လိုင်လီနည်းပြ ဂယ်လ်တီယာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 2 October 2019

 

လိုင်လီအသင်းနည်းပြ ဂယ်လ်တီယာက မိမိတို့အနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ်ကစားမည့် ချယ်လ်ဆီးအသင်းကို ကြောက်ရွံခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

လိုင်လီအသင်းသည် ၂၀၁၂-၁၃ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်တွင် အေဂျက်စ်အသင်းကို (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

ချယ်လ်ဆီးအသင်းမှာလည်း အုပ်စုအဖွင့်ပွဲစဉ်တွင် အိမ်ကွင်း၌ ဗလင်စီယာအသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသဖြင့် ယခုပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အရေးကြီးသည့်ပွဲစဉ်တစ်ပွဲလည်းဖြစ်သည်။

လိုင်လီအသင်းနည်းပြ ဂယ်လ်တီယာက ''ချယ်လ်ဆီးနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့အသင်းက အရာရာနိမ့်ကျပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ချယ်လ်ဆီးအသင်းကို ကြောက်ရွံ့နေမှာတော့မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ အကောင်းဆုံးရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ ချယ်လ်ဆီးအသင်းကို တိုက်စစ်ဖွင့်ကစားသွားမှာဖြစ်ပြီး မိနစ် (၉၀)အတွင်း အသင်းနိုင်ပွဲရရေးအတွက် ရာနှုန်းပြည့်ပေးဆပ်ကစားသွားမှာပါ''ဟုပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပရီးမီးယားလိဂ်၌ ကစားခဲ့ဖူးသည့် အသင်းတောင်ပံကစားသမား ရီနာတိုဆန်းချက်စ်က ချယ်လ်ဆီးအသင်းကို ဒုက္ခပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ဂယ်လ်တီယာကပြောကြားခဲ့သည်။

 

Most Read

Most Recent