ပွဲကစားခွင့်မရသဖြင့် အလွန်စိတ်ပျက်မိဟု ပူလီဆစ် ဝန်ခံ

ပွဲကစားခွင့်မရသဖြင့် အလွန်စိတ်ပျက်မိဟု ပူလီဆစ် ဝန်ခံ
Published 30 September 2019

 

ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ပူလီဆစ်က ပွဲကစားခွင့်မရသဖြင့် အလွန်စိတ်ပျက်နေကြောင်း ဝန်ခံပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီကတည်းက အမေရိကန်ကစားသမားများအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး  ပေါင် ၅၈ သန်းဖြင့် ဒေါ့မွန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားသူ ပူလီဆစ်သည် ယခုရာသီအစ လက်စတာ၊ နောဝစ်ချ်၊ ရှက်ဖီးယူနိုက်တက်အသင်းတို့နှင့်ပွဲများတွင် ပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။ 

သို့သော် ၎င်းသည် ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲတွင် League Two ကလပ် ဂရင်းစ်ဘီအသင်းနှင့်တစ်ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရပြီး ကျန်လေးပွဲတွင် အရန်စာရင်းပါဝင်သော်လည်း လူစားလဲအဖြစ်ပင် ကစားခွင့်မရသဖြင့် စိတ်ပျက်နေခြင်းဖြစ်သည်။ 

''ဟုတ်ပါတယ်။ ပွဲကစားခွင့်မရတာက တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဆက်ပြီးကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ပွဲကစားခွင့်ရချင်လို့ပါ။ သူ (နည်းပြ လမ်းပတ်)ကလည်း သေချာကြိုးစားဖို့နဲ့ လေ့ကျင့်ရေးကွင်းမှာ အခုထက် ပိုတိုးတက်လာဖို့အတွက် ကြိုးစားဖို့ မှာထားပါတယ်''ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent