ပွဲကစားခွင့်မရသည့်အတွက် ဒေါသထွက်ရကြောင်း ပူလီဆစ် ဝန်ခံ

ပွဲကစားခွင့်မရသည့်အတွက် ဒေါသထွက်ရကြောင်း ပူလီဆစ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 29 September 2019

ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ပူလီဆစ်က ပွဲကစားခွင့်မရသည့်အတွက် ဒေါသထွက်ရကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ပူလီဆစ်က ပွဲကစားခွင့်မရသည့်အတွက် ဒေါသထွက်ရကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် အမေရိကန်တောင်ပံကစားသမား ပူလီဆစ်(၂၁ နှစ်)ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းထံမှ ပေါင် (၅၈)သန်းဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် ချယ်လ်ဆီးအသင်းသည် ပူလီဆစ်ကို ဒေါ့မွန်အသင်းထံ ရာသီဝက်အငှားပြန်ချခဲ့ပြီး ယခုရာသီတွင်မှ အသင်းသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပူလီဆစ်သည် ယခုရာသီအစပိုင်း ပွဲစဉ်များတွင် ပွဲထွက်ခွင့်ရခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် ကစားခွင့်မရခဲ့ကြောင်း သိရသည်။ 

ပူလီဆစ်က "ပွဲကစားခွင့်မရတဲ့အတွက် ကျွန်တော် အလွန်ဒေါသထွက်ရပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲတွေကစားချင်တဲ့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ နည်းပြ လမ်းပတ်နဲ့တော့ စကားသိပ်မပြောဖြစ်ပါဘူး။ သူက ကျွန်တော့်ကို အမြဲတမ်းကြိုးစားနေဖို့ ပြောပါတယ်။ ကျွန်တော့်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ပူလီဆစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲကစားရာ၌ ဂိုးမသွင်းနိုင်သည့်အတွက် လမ်းပတ်သည် နောက်ပိုင်းပွဲစဉ်များတွင် အသင်း၏တောင်ပံနေရာ၌ မေဆန်မောင့်၊ ဝီလီယံနှင့် ပတ်ဒရိုတို့ကို ဦးစားပေးအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။ 

ချယ်လ်ဆီးအသင်းပရိသတ်များကမူ ပူလီဆစ်အား အသုံးပြုရန် နည်းပြ လမ်းပတ်ကို လူမှုကွန်ရက်များတွင် တောင်းဆိုနေကြကြောင်း သိရသည်။ 

 

Most Read

Most Recent