ဆိုးလ်ရှားနေရာတွင်အစားထိုးရန် ပိုချက်တီနိုအား မန်ယူပစ်မှတ်ထားနေသော်လည်း ပေါင် (၃၂)သန်းအထိ စပါးအသင်းကိုပေးချေရဖွယ်ရှိ 

ဆိုးလ်ရှားနေရာတွင်အစားထိုးရန် ပိုချက်တီနိုအား မန်ယူပစ်မှတ်ထားနေသော်လည်း ပေါင် (၃၂)သန်းအထိ စပါးအသင်းကိုပေးချေရဖွယ်ရှိ 
Photos: Getty Images/ Reuters
Photos: Getty Images/ Reuters
Published 27 September 2019

မန်ယူအသင်းသည် ယခုရာသီတွင် ဖိအားများနှင့်ရင်ဆိုင်နေရသည့် နည်းပြ ဆိုးလ်ရှား၏နေရာ၌ အစားထိုးရန် ပိုချက်တီနိုအား ပစ်မှတ်ထားနေသော်လည်း သူ၏စာချုပ်လက်ကျန်သက်တမ်းအတွက် ပေါင် (၃၂)သန်းအထိိ စပါးအသင်းကို ပေးချေရဖွယ်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်ပိုင်းသာမက ခြေစွမ်းပိုင်းမှာပါ ဆိုးရွားနေသောကြောင့် နည်းပြ ဆိုးလ်ရှားမှာလည်း ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ထို့ပြင် မန်ယူအသင်းပရိသတ်များက အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့သွားသည့် တိုက်စစ်မှူး လူကာကူနေရာတွင် ကစားသမားသစ်မခေါ်ယူခဲ့ခြင်းကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။ သို့ဖြစ်ရာ မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းတွင်းအပြောင်းအလဲအချို့ပြုလုပ်ရန်ဆန္ဒရှိနေပြီး ဆိုးလ်ရှားအား ထုတ်ပယ်ခဲ့ပါက စပါးအသင်းနည်းပြ ပိုချက်တီနိုကို နံပါတ်(၁)ဦးစားပေးအဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

ပိုချက်တီနိုသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့်ရင်ဆိုင်နေရသူဖြစ်ပြီး အဓိကကစားသမားများ၏အနာဂတ်မတည်ငြိမ်မှုကြောင့် အသင်းနှင့်လမ်းခွဲဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ ပိုချက်တီနိုသည် ပြီးခဲ့သည့်ရာသီက စပါးအသင်းနှင့် (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး စာချုပ်လျော်ကြေးထည့်သွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။ သို့ရာတွင်  မန်ယူအသင်းအနေဖြင့်  ပိုချက်တီနိုကိုခေါ်ယူပါက တစ်နှစ်လစာ ပေါင် (၈.၅)သန်းဖြင့် (၃)နှစ်နှင့် (၉)လကျန်ရှိနေသေးသည့် ၎င်း၏စာချုပ်အတွက် ပေါင် (၃၂)သန်းကို စပါးအသင်းထံ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် (၆)အပြီးတွင် ထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၁၀)မှတ်အကွာ ရမှတ် (၈)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်လျက်ရှိသည်။ 

Most Read

Most Recent