ဆန်စီရိုကွင်းနေရာ အစားထိုးတည်ဆောက်မည့် ကွင်းသစ်စီမံကိန်းအတွက် ကွင်းဒီဇိုင်းပုံစံနှစ်မျိုးကို အေစီမီလန်နှင့် အင်တာမီလန်တို့ မိတ်ဆက်ပြသ

ဆန်စီရိုကွင်းနေရာ အစားထိုးတည်ဆောက်မည့် ကွင်းသစ်စီမံကိန်းအတွက် ကွင်းဒီဇိုင်းပုံစံနှစ်မျိုးကို အေစီမီလန်နှင့် အင်တာမီလန်တို့ မိတ်ဆက်ပြသ
Photos: Inter Milan
Photos: Inter Milan
Published 27 September 2019

ဆန်စီရိုကွင်းကို ပူးတွဲအသုံးပြုနေသည့် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့သည် အစားထိုးဆောက်လုပ်ရန် ရည်ရွယ်ထားသည့် ကွင်းသစ်စီမံကိန်းအတွက် ကွင်းဒီဇိုင်းပုံစံနှစ်မျိုးကို ကြာသပတေးနေ့က မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့သည် မီလန်မြို့အနောက်ပိုင်းတွင် တည်ရှိသည့် ဆန်စီရိုကွင်းကို အိမ်ကွင်းအဖြစ် နှစ်ပေါင်း(၇၀)ကျော် ပူးတွဲအသုံးပြုနေသည့်အသင်းများဖြစ်ပြီး ကွင်းသစ်စီမံကိန်းကိုလည်း အတူတကွအကောင်အထည်ဖော်သွားမည် ဖြစ်သည်။ 

ဆန်စီရိုကွင်းမှာ ပရိသတ် (၈)သောင်းကျော် ဝင်ဆံ့သည့်ကွင်းဖြစ်သော်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း တစ်ပွဲလျှင် ပျမ်းမျှပရိသတ်(၄၇၃ဝဝ)သာ လာရောက်ကြည့်ရှုကြောင်း သိရှိရသည်။ 

ထို့ကြောင့် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့က ပရိသတ်(၆ဝဝဝဝ)ဝင်ဆံ့သည့် ခေတ်မီကွင်းသစ်တစ်ကွင်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်။

ယင်းကွင်းသစ်စီမံကိန်းအတွက် ကုန်ကျစရိတ် ယူရိုသန်း(၆၅၀)အသုံးပြုသွားရန် လျာထားပြီး (၃)နှစ်အတွင်း အပြီးတည်ဆောက်၍ ၂၀၂၂-၂၃ ရာသီတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။

ယခုမိတ်ဆက်ပြသခဲ့သည့် ကွင်းသစ်ဒီဇိုင်းနှစ်မျိုးကို နာမည်ကျော်ဗိသုကာကုမ္ပဏီနှစ်ခုက ဖန်တီးရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး မတူခြားနားသည့်ပုံဖော်မှုများ ပါဝင်ခဲ့သည်။ 

ကွင်းသစ်ဒီဇိုင်းပုံစံတစ်မျိုးမှာ ဖန်သားများ၊ လျှပ်စစ်အလင်းရောင်များအပေါ် အခြေခံထားပြီး အေစီမီလန်အသင်း အသုံးပြုချိန်တွင် အနီရောင်၊ အင်တာမီလန်အသင်း အသုံးပြုချိန်တွင် အပြာရောင်အဖြစ် မြင်တွေ့ရမည်ဟု သိရှိရသည်။ 

အခြားဒီဇိုင်းတစ်မျိုးမှာမူ မီလန်မြို့မှ ရှေးဟောင်းအဆောက်အအုံများ၏ ယဉ်ကျေး မှုလက်ရာများနှင့် ခေတ်သစ်နည်းပညာများကို ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါဒီဇိုင်းနှစ်မျိုးထဲမှ တစ်မျိုးကို ရွေးချယ်ရန်အတွက် ပရိသတ်များ၏ သဘောထားများ၊ အကြံများကို ရယူသွားမည်ဖြစ်ပြီး အောက်တိုဘာ(၁၀)ရက် နောက်ဆုံးထား၍ တာဝန်ရှိသူများထံ တင်ပြသွားမည်ဟု သိရှိရသည်။

Most Read

Most Recent