မန်ယူမှာ ခြေစွမ်းခန့်မှန်း၍မရနိုင်သည့်အသင်းဟု လမ်းပတ် ပြောကြား 

မန်ယူမှာ ခြေစွမ်းခန့်မှန်း၍မရနိုင်သည့်အသင်းဟု လမ်းပတ် ပြောကြား 
Photo: Sky Sports
Photo: Sky Sports
Published 27 September 2019

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က လိဂ်ဖလားစတုတ္ထအဆင့်တွင် တွေ့ဆုံနေသည့် မန်ယူအသင်းမှာ ခြေစွမ်း ခန့်မှန်း၍မရနိုင်သည့်အသင်းဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က လိဂ်ဖလားစတုတ္ထအဆင့်တွင် တွေ့ဆုံနေသည့် မန်ယူအသင်းမှာ ခြေစွမ်း ခန့်မှန်း၍မရနိုင်သည့်အသင်းဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် လိဂ်ဖလားတတိယအဆင့်ပွဲစဉ်တွင် League One ကလပ် ရော့ချ်ဒေးလ်အသင်းအား ခက်ခက်ခဲခဲကစားခဲ့ရကာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

သို့ရာတွင် လမ်းပတ်က မန်ယူအသင်းမှာ ရာသီအဖွင့်ပွဲစဉ်တွင် မိမိတို့အား (၄-ဝ)ဂိုးဖြင့် အနိုင်ယူခဲ့သည့်အသင်းဖြစ်ပြီး လက်ရှိခြေစွမ်းကိုလည်း မခန့်မှန်းနိုင်ကြောင်း ပြောကြားခဲ့သည်။ 

လမ်းပတ်က "မဲခွဲမှုကတော့ စိတ်ဝင်စားစရာပါပဲ။ အသင်းကြီးနှစ်သင်းတွေ့ဆုံမှုပါ။ အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ဝမ်းသာမိပါတယ်။ လက်ရှိအချိန်မှာ သူတို့ခြေစွမ်းကျဆင်းနေပြီလို့ မထင်ပါဘူး။ ဘယ်လိုရလဒ်ထွက်မလဲ စောင့်ကြည့်ကြတာပေါ့"ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့၏ လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်ကို အောက်တိုဘာ (၁၀) ရက်တွင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ ကစားမည်ဖြစ်သည်။

Most Read

Most Recent