ဗီလာရီးယဲလ် နှင့် ဘက်တစ် (စနေနံနက် ၁:၃၀ နာရီ)
ဘာစီလိုနာကို အဝေးကွင်းမှာရှုံးခဲ့ပေမယ့် ဗီလာရီးယဲလ်ရဲ့ကစားပုံက တဖြည်းဖြည်းပုံမှန်ဖြစ်လာပါပြီ။ ဘက်တစ်ကတော့ ခြေမမှန်သေးဘူး။ အထူးသဖြင့် အဝေးကွင်းမှာ ဘက်တစ်ခံစစ်ကစားပုံ လျော့နေသေးလို့ ဗီလာရီးယဲလ်လို တိုက်စစ်အားကောင်းတဲ့အသင်းကို ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဗီလာရီးယဲလ်ရဲ့ခံစစ်ကလည်း ရာသီအစကလို မဟုတ်တော့ဘဲ တဖြည်းဖြည်းနဲ့ မာကျောကျစ်လျစ်လာတယ်။ ဒီပွဲပြီးရင် အဝေးကွင်း (၂)ပွဲဆက် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဗီလာရီးယဲလ်တို့ အခုအိမ်ကွင်းပွဲကို အားစိုက်မှာပါ။ အိမ်ရှင်နဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။
အူန်ယွန်းဘာလင် နှင့် ဖရန့်ဖတ် (စနေနံနက် ၁:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း (၂)ပွဲဆက် ပြန်ရှုံးထားပေမယ့် ကစားအားရှိပါတယ်။ ယူရိုပါလိဂ်ပွဲရှိတဲ့ ဖရန့်ဖတ်ဆီက အူန် ယွန်းဘာလင် အမှတ်ယူလိမ့်မယ်။















