ကွန်တီမှာ အောင်နိုင်သူတစ်ဦးဖြစ်ပြီး မော်ရင်ဟိုနှင့် နှိုင်းယှဉ်ရန် မလိုအပ်ဟု အင်တာမီလန်အသင်းဂိုးသမားဟောင်း ဂျူလီယိုဆီဇာ ပြောကြား

ကွန်တီမှာ အောင်နိုင်သူတစ်ဦးဖြစ်ပြီး မော်ရင်ဟိုနှင့် နှိုင်းယှဉ်ရန် မလိုအပ်ဟု အင်တာမီလန်အသင်းဂိုးသမားဟောင်း ဂျူလီယိုဆီဇာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 25 September 2019

ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး စသည့် ထိပ်တန်းအသင်းကြီးများကို ကိုင်တွယ်ခဲ့သည့် အီတလီလူမျိုးနည်းပြ ကွန်တီသည် ယခုရာသီတွင် အင်တာမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိအောင် စွမ်း ဆောင်ပေးထားနိုင်ခဲ့သည်။ 

 

အင်တာမီလန်အသင်းဂိုးသမားဟောင်း ဂျူလီယိုဆီဇာက အသင်းနည်းပြ ကွန်တီမှာ အောင်နိုင်သူတစ်ဦးဖြစ်ပြီး မော်ရင်ဟိုနှင့် နှိုင်းယှဉ်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး စသည့် ထိပ်တန်းအသင်းကြီးများကို ကိုင်တွယ်ခဲ့သည့် အီတလီလူမျိုးနည်းပြ ကွန်တီသည် ယခုရာသီတွင် အင်တာမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။ 

ဂျူလီယိုဆီဇာက အင်တာမီလန်အသင်းအနေဖြင့် ကွန်တီ၏ ဦးဆောင်မှုဖြင့် ယခုရာသီတွင် စီးရီးအေချန်ပီယံကို ရယူနိုင်စွမ်းရှိနေကြောင်းလည်း ပြောကြားခဲ့သည်။ 

ဂျူလီယိုဆီဇာက " အခု အင်တာမီလန်အသင်းကို မြင်ရတာ စုစုစည်းစည်းနဲ့ အရမ်းကိုကြည့်ကောင်းပါတယ်။ ကွန်တီဟာ အင်တာမီလန်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်နေပြီး ကစားသမားတွေကလည်း သူ့ရဲ့ လမ်းညွှန်မှုတွေအတိုင်း စွမ်းဆောင်နေကြပါတယ်။ ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ အင်တာမီလန်အသင်းဟာ ဒီရာသီမှာ စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကွန်တီက အောင်နိုင်သူတစ်ဦးပါ။ ဒါပေမဲ့ မော်ရင်ဟိုနဲ့ နှိုင်းယှဉ်စရာမလိုပါဘူး။ သူတို့နှစ်ဦးစလုံးက တကယ်တော်တဲ့ လူတွေပါ။ အင်တာမီလန်မှာ မော်ရင်ဟို လုပ်ပြခဲ့တာတွေကို ပရိသတ်တွေ နှစ်သက်ကြပါတယ်။ ကွန်တီလည်း အဲဒီလိုလုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent