လီဗာပူးလ်အသင်းနည်ပြ ကလော့ပ်သည် မိမိ၏နေရာကို ဆက်ခံမည့်သူအဖြစ် ရိန်းဂျားစ်အသင်းနည်းပြ စတီဗင်ဂျရတ်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းနည်ပြ ကလော့ပ်သည် မိမိ၏နေရာကို ဆက်ခံမည့်သူအဖြစ် ရိန်းဂျားစ်အသင်းနည်းပြ စတီဗင်ဂျရတ်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းနှင့် ကလော့ပ်၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း ကလော့ပ်က စောလွန်းသည်ဟုဆိုကာ ငြင်းပယ်ထားကြောင်း သိရသည်။
အသက် (၅၂)နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြကလော့ပ်က မိမိနေရာကို ဆက်ခံမည့်သူအား ရွေးချယ်ခွင့်ရှိခဲ့မည်ဆိုပါက အသင်းဂန္ထဝင်ကစားသမားဖြစ်သည့် ရိန်းဂျားစ်အသင်းနည်းပြ စတီဗင်ဂျရတ်ကို ရွေးချယ်လိုကြောင်း Four Four Two မဂ္ဂဇင်းနှင့်တွေ့ဆုံရာတွင်
ပြောကြားခဲ့သည်။
ကလော့ပ်က ''ကန်နီဒဲလ်ဂလစ်ရှ်နဲ့ စတီဗင်ဂျရတ်တို့ဟာ လီဗာပူးလ်အသင်းကို စရောက်လာတဲ့နေ့ကတည်းက ကျွန်တော့်ကို အားပေးခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းမှာ ကျွန်တော်နည်းပြအဖြစ်ဆောင်ရွက်နေတာဟာ ကျွန်တော့်အနားကလူတွေနဲ့ ဘာမှသက်ဆိုင်မှုမရှိပါဘူး။ တကယ်လို့ လီဗာပူးလ်အသင်းကသာ ကျွန်တော့်ကို ရာထူးကထုတ်လိုက်မယ်ဆိုရင် ဒဲလ်ဂလစ်ရှ်က ကျွန်တော့်ရဲ့နေရာကို ဝင်ယူဖို့အသင့်ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ်ရင် လီဗာပူးလ်အသင်းဟာ စတီဗင်ဂျရတ်ကို နည်းပြအဖြစ်ခန့်အပ်ပါလိမ့်မယ်။ တကယ်လို့ ကျွန်တော့်နေရာမှာ ဘယ်သူ့ကိုဆက်ခံစေချင်သလဲလို့ မေးခဲ့မယ်ဆိုရင်တော့ စတီဗင်ဂျရတ်လို့ပဲ ကျွန်တော်ဖြေမှာပါ။ ဂျရတ်ကို ကျွန်တော်ကူညီနိုင်ပါတယ်။ တကယ်လို့ ဂျရတ်ကသာကျွန်တော့်ကို အကူအညီတောင်းလာခဲ့မယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့ ကူညီဖို့အသင့်ပါပဲ" ဟုပြောကြားခဲ့သည်။
ကလော့ပ်သည် လီဗာပူးလ်အသင်းနည်းပြရာထူးကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင်တာဝန်ယူခဲ့ပြီး အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့သလို၊ အသင်းကိုထိပ်တန်းအဆင့်ပြန်ရောက်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းက ကလော့ပ်ကို စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေသော်လည်း ကလော့ပ်ကပယ်ချထားပြီး မိမိအနေဖြင့် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက ဘောလုံးလောကမှ အနားယူနိုင်သည်ဟုလည်း ပြောဆိုထားသည်။















