အိမ်စောင့်ခွေးကို လေ့ကျင့်ပေးရန် ပေါ့ဘာ ပေါင် ၁၅,၀၀၀ သုံးစွဲ

အိမ်စောင့်ခွေးကို လေ့ကျင့်ပေးရန် ပေါ့ဘာ ပေါင် ၁၅,၀၀၀ သုံးစွဲ
Photos : The Sun, Chaperona K9
Photos : The Sun, Chaperona K9
Published 24 September 2019

 

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာသည် ၎င်းမွေးမြူထားသည့် အိမ်စောင့်ခွေးကို လေ့ကျင့်ပေးရန်အတွက် ပေါင် ၁၅,၀၀၀ အကုန်အကျခံ၍ သုံးစွဲခဲ့ကြောင်း သိရသည်။

ပေါ့ဘာသည် Rottweiler အမျိုးအစား ခွေးမွေးမြူထားပြီး ၎င်းကိုလေ့ကျင့်ပေးရန် အတွက် Chaperone K9 ကုမ္ပဏီနှင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ 

Chaperone K9 သည် ခွေးများအားလေ့ကျင့်ပေးရာတွင် နာမည်ကြီးကုမ္ပဏီဖြစ်ပြီး မိသားစုများ၊ ပုဂ္ဂလိကနှင့် စီးပွားရေးလုပ်ငန်းများအတွက် မွေးမြူထားသည့်ခွေးများကို လုံခြုံရေးဆိုင်ရာသင်ကြားမှုများ အထူးလေ့ကျင့်ပေးကြောင်း သိရသည်။ 

ယင်းကုမ္ပဏီသည် ပေါ့ဘာ၏အသင်းဖော် ရပ်ရှ်ဖို့ဒ်နှင့် ဖီးလ်ဂျုံးစ်တို့၏ခွေးများကိုလည်း လေ့ကျင့်သင်ကြားပေးဖူးသည်။ 

ပေါ့ဘာသည် ယခုနွေရာသီတွင် မန်ယူအသင်းမှထွက်ခွာခွင့်ရရန် ကြိုးပမ်းမှုကြောင့် လေ့ကျင့်ရေးကွင်းအပြင်ဘက်ရှိ ဆိုင်းဘုတ်တွင် ''ပေါ့ဘာ ထွက်သွား''ဟု ရေးသားခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

Most Read

Most Recent