တနင်္ဂနွေနေ့တွင် လန်ဒန်မြို့သို့ မန်ယူ၊ လီဗာပူးလ်၊ ဗီလာ၊ ဝုလ်ဗ်ပရိသတ်များ စုပြုံရောက်ရှိလာမည့်အတွက် တာဝန်ရှိသူများ လုံခြုံရေးအင်အားတိုးမြှင့်

တနင်္ဂနွေနေ့တွင် လန်ဒန်မြို့သို့ မန်ယူ၊ လီဗာပူးလ်၊ ဗီလာ၊ ဝုလ်ဗ်ပရိသတ်များ စုပြုံရောက်ရှိလာမည့်အတွက် တာဝန်ရှိသူများ လုံခြုံရေးအင်အားတိုးမြှင့်
Photos: Getty Images
Photos: Getty Images
Published 22 September 2019

လန်ဒန်မြို့သို့ အင်္ဂလန်အနောက် မြောက်ပိုင်းဒေသမှ မန်ယူနှင့်လီဗာပူးလ်ပရိသတ်များ လာရောက်မည့်အပြင် အင်္ဂလန်အနောက်အလယ်ပိုင်းဒေသမှ ဝုလ်ဗ်နှင့် ဗီလာပရိသတ်များလည်း လာရောက်ကြမည်ဖြစ်ရာ မြို့အတွင်း ယင်းအသင်း(၄)သင်းမှ ဧည့်သည်ပရိသတ်များ ထောင်သောင်းချီရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၆)တွင် တနင်္ဂနွေနေ့၌ ကစားမည့် ပွဲစဉ်(၄)ပွဲပါဝင်ပြီး ယင်း(၄)ပွဲစလုံးမှာ လန်ဒန်မြို့တွင် ကစားမည့်အတွက် တာဝန်ရှိသူများမှာ ခေါင်းခဲနေကြကြောင်း သိရှိရသည်။ ခရစ္စတယ်ပဲ လေ့စ်၊ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ ချယ်လ်ဆီးအစရှိသည့် လန်ဒန်မြို့ခံ ကလပ်အသင်း(၄)သင်း၏ အိမ်ကွင်းပွဲစဉ် များကို စက်တင်ဘာ(၂၂)ရက် (တနင်္ဂနွေနေ့)တစ်ရက်တည်းတွင်ကစားစေရန် ပွဲစဉ်ရေးဆွဲ ထားခြင်းဖြစ်ပြီး အ ချို့ပွဲများမှာ အချိန်ထပ်တူကျနေကြောင်း သိရှိရသည်။

အထူးသဖြင့် အင်္ဂလန် အမှတ်ပေးပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံးအသင်းနှစ်သင်းဖြစ်သော မန်ယူနှင့် လီဗာပူးလ်အသင်းတို့၏ ပရိသတ်များ လန်ဒန်မြို့သို့ တစ်ပြိုင်တည်းလိုလို ရောက်ရှိလာမည့်အတွက် တာဝန်ရှိသူ များမှာ ခေါင်းခဲနေကြကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့ တွင် ခရစ္စတယ်ပဲလေ့စ် -  ဝုလ်ဗ်ပွဲနှင့် ဝက်စ်ဟမ်း - မန်ယူ ပွဲများမှာ ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် တစ်ပြိုင်တည်းကစားကြမည်ဖြစ်ပြီး၊ အာဆင်နယ် - ဗီလာပွဲနှင့် ချယ်လ်ဆီး - လီဗာပူးလ်ပွဲများမှာ ဒေသစံတော်ချိန် မွန်း လွဲ (၄း၃၀)နာရီတွင်တစ်ပြိုင်တည်းကစားကြမည်ဖြစ်ကြောင်း သိရသည်။ 

လန်ဒန်မြို့သို့ အင်္ဂလန်အနောက် မြောက်ပိုင်းဒေသမှ မန်ယူနှင့်လီဗာပူးလ်ပရိသတ်များ လာရောက်မည့်အပြင် အင်္ဂလန်အနောက်အလယ်ပိုင်းဒေသမှ ဝုလ်ဗ်နှင့် ဗီလာပရိသတ်များလည်း လာရောက်ကြမည်ဖြစ်ရာ မြို့အတွင်း ယင်းအသင်း(၄)သင်းမှ ဧည့်သည်ပရိသတ်များ ထောင်သောင်းချီရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ လန်ဒန်ရဲတပ်ဖွဲ့သည် ယင်းနေ့တွင် လုံခြုံရေးအင်အားကို တိုးမြှင့်ချထားမည် ဖြစ်သည့်အပြင် ပို့ဆောင်ရေးတာဝန်ရှိသူများအနေဖြင့်လည်း ပရိသတ်များ သွားလာရာတွင် အဆင်ပြေချောမွေ့စေရန် အထူးအစီ အစဉ်များ ရေးဆွဲထားကြောင်း သိရှိရသည်။ မြောက်ပိုင်းမှ ပရိသတ်များ လန်ဒန်သို့ လာရောက်ရာတွင် အသွားအပြန် အဆင်ပြေချောမွေ့စေရန် စီစဉ်ထားကြောင်း ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့(BTP) တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ပြီး မိမိတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ ထို့ပြင် မီးရထားဘူတာများတွင် ရဲတပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ချထားမည်ဖြစ်ကြောင်းလည်း ယင်း တာဝန်ရှိသူက ပြောကြား ခဲ့သည်။

"ပရိသတ်တွေအတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ ဖြစ်စေဖို့ ကျွန်တော်တို့ ကူညီပေးသွားမှာပါ။ တချို့ပရိ သတ်တွေဆီကဖြစ်ပေါ်လာမယ့် မလိုလားအပ်တဲ့ကိစ္စ တွေအတွက်လည်း ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့လက Great Portland Street မြေအောက်ဘူတာရုံမှာ ပရိသတ်(၉)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။ နောက်ရက်သတ္တပတ်မှာတော့ ပရိသတ်(၄)ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်" ဟု ၎င်း BTP ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့သည်။

 

Most Read

Most Recent