လာပေါ့တ် ခြောက်လအနားယူရမည်ဖြစ်သော်လည်း ဇန်နဝါရီတွင် အစားထိုးခေါ်ယူမည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု

လာပေါ့တ် ခြောက်လအနားယူရမည်ဖြစ်သော်လည်း ဇန်နဝါရီတွင် အစားထိုးခေါ်ယူမည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 15 September 2019

လာပေါ့တ်သည် သြဂုတ် ၃၁ ရက်က ဘရိုက်တန်အသင်းနှင့်ကစားသည့်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ရာ အောင်မြင်သော်လည်း ခြောက်လခန့် အနားယူရမည်ဖြစ်သည်။ 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နောက်ခံလူ လာပေါ့တ်အနေဖြင့် ဒူးဒဏ်ရာကြောင့် ခြောက်လအနားယူရမည်ဖြစ်သော်လည်း ဇန်နဝါရီတွင် အစားထိုးခေါ်ယူမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

လာပေါ့တ်သည် သြဂုတ် ၃၁ ရက်က ဘရိုက်တန်အသင်းနှင့်ကစားသည့်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ရာ အောင်မြင်သော်လည်း ခြောက်လခန့် အနားယူရမည်ဖြစ်သည်။ 

၎င်း၏အခြေအနေနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက "သူအနားယူရမယ့်ကာလက ကြာမှာပါ။ ငါးလ ဒါမှမဟုတ် ခြောက်လအထိ ကြာနိုင်ပါတယ်။ ဇန်နဝါရီ (သို့မဟုတ်) ဖေ ဖော်ဝါရီလောက်မှ ပြန်ကစားနိုင်ဖို့ရှိပါတယ်။ လာမယ့်နှစ်မှ ကစားနိုင်မယ်ဆိုတာတော့ သေချာပါတယ်။ ခင်ဗျား (သတင်းထောက်) ကို အကြံပေးချင်တာက ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ ထင်ကြေးနဲ့ နာမည်တွေ အများကြီးမရေးမိဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားအမှားလုပ်မိနိုင်လို့ပါ။ ကျွန် တော်ကတော့ အစားထိုးခေါ်ယူဖြစ်မယ်လို့ မထင်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကလပ်အသင်းတွေအားလုံးကို မစိုးရိမ်ကြပါနဲ့ ပြော ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥရောပမှာရှိတဲ့ ဘယ်ကစားသမား၊ ဘယ်ခံစစ်အတွင်း လူကိုမှ ကျွန်တော်တို့ စိတ်မဝင်စားလို့ပါ။ အသင်းမှာရှိတဲ့ကစားသမားတွေနဲ့ပဲ ရှေ့ဆက်သွားမှာပါ။ ဒီဇင်ဘာလောက် ဆိုရင်တော့ အဲဒီအကြောင်းကို စပြီးစဉ်းစားချင်စဉ်းစားမှာပါ။ ဒါပေမဲ့ နွေရာသီမှာတောင် ဒီအခြေအနေအတွက် ရင်းနှီးမြှုပ်နှံမှုမလုပ်ခဲ့တာကြောင့် ဆောင်းရာသီမှာလည်း လုပ်ဖြစ်ဖို့ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

သို့ဖြစ်ရာ မန်စီးတီးအသင်းတွင် စီနီယာ ခံစစ်အတွင်းလူအဖြစ် ဂျွန်စတုန်းစ်နှင့် အော်တာမန်ဒီ နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

 

Most Read

Most Recent