ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် နာပိုလီအသင်း၏ ဆန်ပေါ်လိုကွင်းအခြေအနေမှာ လီဗာပူးလ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲအမီ ပြီးစီးနိုင်ခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
နာပိုလီအသင်း၏ကွင်းကို ဇူလိုင်တွင် ကျင်းပသည့် တက္ကသိုလ်အားကစားပြိုင်ပွဲ ပြီးကတည်းက ပြင်ဆင်နေသောကြောင့် ရာသီအစပွဲစဉ်နှစ်ပွဲကို အဝေးကွင်း၌ကစားခွင့်ပြုရန် တောင်းဆိုခဲ့ရသည်။

သို့သော် ကွင်းအတွင်းရှိ အဝတ်လဲခန်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းအထိ ပြင်ဆင်နေဆဲအခြေအနေသာ ရှိသောကြောင့် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီက ဝေဖန်ပြစ်တင်ခဲ့သည်။
သို့ဖြစ်ရာ UEFA သည် စက်တင်ဘာ ၁၇ ရက်တွင်ကစားမည့် အဖွင့်ပွဲအမီ ပြီးစီးနိုင်ခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး ကွင်းပြင်ဆင်ရေးတာဝန်ရှိသူကမူ အချိန်မီပြီးစီးမည်ဟု ကတိပြုထားသည်။















