ကမ္ဘာ့ဘောလုံးလောက၏ ဂန္ထဝင်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် အာရီဂိုဆက်ချီက အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးသည် အင်္ဂလိပ်ဘောလုံးလောကကို ပြောင်းလဲပေးခဲ့ပြီး ဂွါဒီယိုလာ၊ ကလော့ပ်နှင့် ပိုချက်တီနိုတို့က ပရီးမီး ယားလိဂ်ရွှေခေတ်ကို ဖြစ်လာစေလိမ့်မည်ဟု ချီးကျူးပြောကြားခဲ့သည်။

နာမည်ကျော်ခံစစ်အိုင်ဒီယော်လော်ဂျီတစ်ခုဖြစ်သည့် ကာတန်နာချိုကို ဖန်တီးထုဆစ်ခဲ့သည့် ဆက်ချီသည် ဂွါဒီယိုလာ၊ ဆာရီစသည့် နည်းပြများက အလေးထားတွေ့ဆုံလေ့ရှိသည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
၎င်းက "ဂွါဒီယိုလာ၊ ကလော့ပ်တို့ရဲ့ တီထွင် ဆန်းသစ်မှုတွေကို ကျွန်တော် တန်ဖိုး ထားပါတယ်။ ကျွန်တော့်အေစီမီလန်အသင်းဟာ တီထွင်ဆန်းသစ်မှုတွေ လုပ်ခဲ့ဖူးသလို၊ အခု သူတို့လည်း လုပ်နေကြပါတယ်။ အတူတူပါပဲ။ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့လုပ်နေတဲ့အလုပ် ဟာ မလွယ်ကူပါဘူး။ ဂရိတ်အဆင့် ကိုရောက်နေတဲ့ ဘောလုံးဆိုတာ ပါးစပ်နဲ့ပြောသလောက် မလွယ်ပါဘူး။ အရမ်းခက်ခဲပါတယ်။ သူတို့နှစ်ဦးနဲ့ ပိုချက်တီနိုတို့ဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေခေတ်ကို ဖန်တီးမယ့်သူတွေပါ"ဟု ချီးကျူးခဲ့သည်။
ထို့ပြင် အာစင်ဝင်းဂါးနှင့် ပတ်သက်၍လည်း "အာစင်ဝင်းဂါးနဲ့ပတ်သက်လို့လည်း ကျွန်တော့်ကို အမြင်တစ်ခုလောက် ပြောခွင့်ပြုပါ။ ဝင်းဂါးဟာ အင်္ဂလိပ်ဘောလုံးလောကကို တော်လှန်ရေးလုပ်ခဲ့သူဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။