အာဂျင်တီးနားအသင်းအတွက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သောကြောင့် ပျော်ရွှင်မိသည်ဟု လော်တာရိုမာတီနက်ဇ် ပြောကြား

အာဂျင်တီးနားအသင်းအတွက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သောကြောင့် ပျော်ရွှင်မိသည်ဟု လော်တာရိုမာတီနက်ဇ် ပြောကြား
Photos: AFP
Photos: AFP
Published 11 September 2019

အသက် (၂၂)နှစ်ရှိ လော်တာရိုမာတီနက်ဇ်သည် မက္ကဆီကိုအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ပထမပို်င်း၌ (၃)ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင်မူ ဒီဘားလားနှင့်လူစားလဲခဲ့ကာ ပထမပိုင်းရလဒ်အတိုင်းပင် ပွဲပြီးဆုံးခဲ့သည်။ 

အင်တာမီလန်အသင်း၏အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က မက္ကဆီကိုအသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သောကြောင့် ပျော်ရွှင် ကျေနပ်မိကြောင်း ပွဲအပြီးတွင် ဖွင့်ဟပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်ရှိ လော်တာရိုမာတီနက်ဇ်သည် မက္ကဆီကိုအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ပထမပို်င်း၌ (၃)ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင်မူ ဒီဘားလားနှင့်လူစားလဲခဲ့ကာ ပထမပိုင်းရလဒ်အတိုင်းပင် ပွဲပြီးဆုံးခဲ့သည်။ 

လော်တာရိုမာတီနက်ဇ်က '' ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။ ဒီအကျင်္ ီဝတ်ပြီး နေ့တိုင်း (၃)ဂိုးသွင်းနိုင်မှာ မဟုတ်ပါ ဘူး။ ဒါက အရမ်းခက်ခဲပါတယ်။ ကျွန်တော့်အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေအတွက် ကျွန်တော် ပီတိဖြစ်ရပါတယ်။ လက်ရွေးစင်အသင်းကို ဒီလိုပျော်ရွှင်မှုတွေပေးဖို့အတွက် ကျွန်တော်တို့အတူ လေ့ကျင့်ခဲ့တာပါ။ ဒီပုံစံအတိုင်း ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

လော်တာရိုမာတီနက်ဇ်သည် အာဂျင်တီးနားအသင်းအတွက် (၁၃)ပွဲပါဝင်ကစားခဲ့ရာတွင် (၉)ဂိုးသွင်းယူပေးထားသည်။ 

Most Read

Most Recent