ဂျာမနီအသင်းတောင်ပံကစားသမား မာကိုရွိုက်စ်က မိမိတို့အသင်းအနေဖြင့် သင်ယူစရာများစွာရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ဂျာမနီအသင်းတောင်ပံကစားသမား မာကိုရွိုက်စ်က မိမိတို့အသင်းအနေဖြင့် သင်ယူစရာများစွာရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ဂျာမနီအသင်းသည် ယခုတစ်ပတ်ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် နယ်သာလန်အသင်းကို အိမ်ကွင်း၌ (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြောက်အိုင်ယာလန်အသင်းကို အဝေးကွင်း၌ (၂-၀)ဂိုးဖြင့်အနိုင်ရခဲ့သည်။
မာကိုရွိုက်စ်က လူငယ်ကစားသမားများကြောင့် ဂျာမနီအသင်းမှာ တိုးတက်လာဦးမည်ဖြစ်သော်လည်း သင်ယူစရာများစွာရှိနေသေးကြောင်း မြောက်အိုင်ယာလန်နှင့်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
မာကိုရွိုက်စ်က "မြောက်အိုင်ယာလန်နဲ့ပွဲမှာ ကျွန်တော်တို့အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ နယ်သာလန်ကို ရှုံးနိမ့်ပြီးနောက်မှာ ကစားရတာဖြစ်လို့ ကျွန်တော်တို့အတွက် ဖိအားများခဲ့ပေမယ့် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းအနေနဲ့ တိုးတက်နိုင်ခြေတွေ များစွာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သင်ယူမှုတွေ အများကြီးပြုလုပ်ရဦးမှာပါ။ နယ်သာလန်နဲ့ပွဲလိုမျိုး ကံဆိုးမှုတွေ အများကြီးကြုံနိုင်ပါသေးတယ်"ဟု ပြောကြားခဲ့သည်။
ဂျာမနီအသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (C) တွင် (၅) ပွဲကစား (၄) ပွဲနိုင်၊ (၁) ပွဲသရေဖြင့် မြောက်အိုင်ယာလန်အသင်းနှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။