ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ကြတဲ့ အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီ

ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ကြတဲ့ အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီ
Photos: Twitter
Photos: Twitter
Published 11 September 2019

ဥရောပနာမည်ကြီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတွေဟာ ပြိုင်ဘက်တွေကို အသီးသီးနိုင်ယူပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ကြပါတယ်။

ဥရောပနာမည်ကြီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတွေဟာ ပြိုင်ဘက်တွေကို အသီးသီးနိုင်ယူပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ကြပါတယ်။

အင်္ဂလန်အသင်းက အိမ်ကွင်းမှာ ကိုဆိုဗိုအသင်းကို (၅-၃) ဂိုးနဲ့ အနိုင်ရခဲ့သလို၊ ပြင်သစ်အသင်းကလည်း အိမ်ကွင်းမှာ အန်ဒိုရာ (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ်တူဂီကတော့ အဝေးကွင်းမှာ လစ်သူယေးနီးယားအသင်းကို (၅-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အိမ်ကွင်းမှာ ပွဲချိန် (၁) မိနစ်မပြည့်ခင်မှာ ဂိုးပေးလိုက်ရပေမယ့် စတာလင်၊ ဆန်ချိုတို့ရဲ့ ခြေစွမ်းပြနဲ့အတူ ယူရို- ၂၀၂၀ ခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တာပါ။ 

အင်္ဂလန်အတွက် ဂိုးတွေကို ပွဲချိန် (၈) မိနစ်မှာ စတာလင်၊ (၁၉)မိနစ်မှာ ဟာရီကိန်း၊ (၃၈)မိနစ်မှာ ဗိုဗိုဒါ (OG)၊ (၄၄)မိနစ်နဲ့ (၄၅) မိနစ်တွေမှာ ဆန်ချိုက (၂) ဂိုးဆက် သွင်းခဲ့တာဖြစ်ပါတယ်။ ကိုဆိုဗိုအတွက် ဂိုးတွေကိုတော့ ပွဲချိန် (၁)မိနစ်နဲ့ (၄၉) မိနစ်တို့မှာ ဘီရစ်ဟာ၊ ပွဲချိန် (၅၅)မိနစ်မှာ မူရီကွီက ပယ်နယ်တီကနေ သွင်းယူပေးခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ပထမပိုင်းမှာပဲ ဂိုးတွေရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဟာရီကိန်း ပယ်နယ်တီလွဲခဲ့တာကြောင့် အင်္ဂလန်အသင်း ဂိုးထပ်မရခဲ့တာပါ။ အင်္ဂလန်အသင်းဟာ အုပ်စု (A) မှာ (၄)ပွဲကစား (၄)ပွဲနိုင် ရမှတ် (၁၂)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

 

 

ပြင်သစ်နဲ့ အန်ဒိုရာပွဲစဉ်မှာတော့ အိမ်ရှင် ပြင်သစ်အသင်းက သက်သက်သာသာ ကစားပြီး (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်အတွက်ဂိုးတွေကိုတော့ ပွဲချိန် (၁၈)မိနစ်မှာ ကိုးမန်း၊ (၅၂)မိနစ်မှာ လွန်းဂလတ်နဲ့ နာကျင်အချိန်ပိုမှာ လူစားဝင်တိုက်စစ်မှူး ဘင်ယက်ဒါတို့က သွင်းယူခဲ့တာပါ။ ဂရီးဇ်မန်းကတော့ ပွဲချိန် (၂၈)မိနစ်မှာ ပယ်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာ အုုပ်စု (H) မှာ (၆)ပွဲကစား၊ (၅)ပွဲနိုင်၊ (၁)ပွဲရှုံး ရမှတ် (၁၅)မှတ်ရရှိထားပြီး တူရကီအသင်းနဲ့ အမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

 

 

ယူရိုပြိုင်ပွဲလက်ရှိချန်ပီယံ ပေါ်တူဂီအသင်းကတော့ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနဲ့ သွင်းဂိုး (၄) ဂိုးအပါအဝင် (၅-၁) ဂိုးနဲ့ လစ်သူယေးနီးယားအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆားဘီးယားနဲ့ပွဲမှာမှ နိုင်ပွဲစရခဲ့တဲ့ ပေါ်တူဂီအသင်းဟာ လစ်သူယေးနီးယားအသင်းကို အဓိကကစားသမားအစုံအလင်နဲ့ ရင်ဆိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။ 

ပေါ်တူဂီအတွက် ဂိုးတွေကို စီရော်နယ်လ်ဒိုက (၇ P၊ ၆၁၊ ၆၅၊ ၇၆) မိနစ်တွေမှာ တစ်ဦးတည်း (၄)ဂိုးသွင်းယူခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ ပွဲပြီးခါနီးမှာ ကာဗယ်လ်ဟိုက သွင်းယူခဲ့တာပါ။ လစ်သူယေးနီးယားအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် (၂၈) မိနစ်မှာ အန်ဒရီယပ်ကီဗီစီယက်စ်က သွင်းယူပေးခဲ့ပါတယ်။ 

စီရော်နယ်လ်ဒိုကတော့ ယူရိုခြေစစ်ပွဲတွေမှာ သွင်းဂိုး (၂၅) ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် (ရော်ဘီကင်း - ၂၃ ဂိုးကို ကျော်ဖြတ်ကာ) စံချိန်တင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် အုပ်စု (A) မှာ (၄)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂) ပွဲသရေ ရမှတ် (၈)မှတ်နဲ့ အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် ထိပ်ဆုံးက ယူကရိန်း (၁၃ မှတ်)နဲ့ (၅) မှတ်ကွာဟနေသေးတာပါ။