စက္ကန့် ၄၀ တွင် လူတစ်ဦးနှုန်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားနေဟု ကုလသမဂ္ဂ ထုတ်ပြန်

စက္ကန့် ၄၀ တွင် လူတစ်ဦးနှုန်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားနေဟု ကုလသမဂ္ဂ ထုတ်ပြန်
Published 10 September 2019
Ref: AFP

နှစ်စဉ်နှစ်တိုင်း လူပေါင်း ၈၀၀၀၀၀ နီးပါးသည်  မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားနေကြောင်း၊ ထိုပမာဏသည် စစ်ပွဲများကြောင့် သို့မဟုတ် ရင်သားကင်ဆာရောဂါကြောင့် သေဆုံးရသော ပမာဏထက်များပြားကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၆ တွင် တစ်ကမ္ဘာလုံး၌ မိမိကိုယ်ကို သေကြောင်းကြံမှုသည် အတော်အတန်ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် မိမိကိုယ်ကို သေကြောင်းကြံမှုသည် ၂၀၁၆ တွင် လူအယောက် ၁၀၀၀၀၀ ဦးတွင် ၁၀.၅ ဦးနှုန်းရှိသည်။ ၂၀၁၆  ခုနှစ်သည် မိမိကိုယ်ကို သေကြောင်းကြံမှုစာရင်း ကောက်ယူခဲ့သော နောက်ဆုံးနှစ်လည်း ဖြစ်သည်။ 

ယေဘုယျအားဖြင့်ဆိုပါက ၂၀၁၀ နှင့် ၂၀၁၆ တွင် ကမ္ဘာတစ်ဝန်းတွင် မိမိကိုယ်ကို သေကြောင်း ကြံမှုသည် ၁၀ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ အနောက်ပစိဖိတ် ဒေသတွင် ၂၀  ရာခိုင်နှုန်း နည်းပါးခန့် ကျဆင်းခဲ့ပြီး အရှေ့တောင် အာရှတွင်မူ ၄.၂ ရာခိုင်နှုန်းခန့်သာ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

သို့သော် အမေရိကန်ပြည်ထောင်စုတွင် မိမိကိုယ်ကို သေကြောင်း ကြံမှုသည် မဆိုစလောက် မြင့်တက်ခဲ့ပြီး လွန်ခဲ့သည့်ခြောက်နှစ်တာကာလတွင် ခြောက်ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရသည်။ Ref: AFP

 

Most Read

Most Recent