ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEFA
Photo: UEFA
Published 6 September 2019

ဂျာမနီ နှင့် နယ်သာလန် (စနေနံနက် ၁:၁၅ နာရီ)

ဒီဘက်နှစ်တွေမှာ ဂျာမနီက နယ်သာလန်ကို အမြဲတမ်းလိုလို အသာစီးယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာလည်း ဂျာမနီက နယ်သာလန်ကိုတစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲစလုံး ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့တယ်။ အခုအချိန်မှာ အစဉ်အလာကြီးတဲ့ ပြိုင်ဘက်နှစ်သင်းအကြား နောက်ထပ်အရေးကြီးတဲ့ပွဲတစ်ပွဲကို ကစားရတော့မှာဖြစ်ပြီး နယ်သာလန်က ပိုမိုတည်ငြိမ်၊ ကောင်းမွန်တဲ့အနေအထားဖြစ်နေတာကို တွေ့ရတယ်။ ယော်ကင်လိုးရဲ့အသင်းက သိသိသာသာကျဆင်းသွားခဲ့ပြီးမှ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် (၆)ပွဲမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး ကစားပုံ ပြန်တည်ငြိမ်လာခဲ့တယ်။ အခု ယူရို-၂၀၂၀ ခြေစစ်ပွဲတွေ မှာလည်း (၃)ပွဲကစား (၃)ပွဲစလုံးနိုင်ထားပြီး၊ အဖွင့်ပွဲတုန်းက နယ်သာလန်ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ ဒီအုပ်စုမှာ နှစ်သင်းစလုံးအတွက် စိုးရိမ်စရာကောင်းနေတာက မြောက်အိုင်ယာလန်က (၄)ပွဲကစား၊ (၄)ပွဲနိုင်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေတာဖြစ်ပြီး ဒါပေမဲ့ (၂)သင်းစလုံးနဲ့ လုံးဝမကစားရသေးတာ တွေ့ရတယ်။ နယ်သာလန်အတွက်တော့ ဒီပွဲက ဂျာမနီထက်ပိုပြီး အမှားမခံတဲ့ အနေအထားပါ။ ဂျာမနီမြေမှာ နယ်သာလန်အမှတ်တော့ ယူနိုင်လိမ့်မယ်။ 

ဝေးလ်စ် နှင့် အဇာဘိုင်ဂျန် (စနေနံနက် ၁:၁၅ နာရီ)

ဒီလိုပွဲမျိုးမှာ အမှတ်ပြည့်မယူနိုင်ရင် အုပ်စုဒုတိယနေရာအတွက်တောင် ဝေးလ်စ် မျှော်လင့်လို့ရမှာမဟုတ်ဘူး။ အလွယ်တကူနိုင်ရမယ့်ပွဲမျိုးဖြစ်ပြီး (၂-ဝ)လောက်ဖြစ်လိမ့်မယ်။

ဆလိုဗက်ကီးယား နှင့် ခရိုအေးရှား (စနေနံနက် ၁:၁၅ နာရီ)

ဒီအုပ်စုမှာ ဟန်ဂေရီက ဦးဆောင်နေပြီး ဆလိုဗက်ကီး ယားနဲ့ ခရိုအေးရှားက ကပ်လိုက်နေတယ်။ ဝေးလ်စ်ကိုလည်း လျှော့တွက်လို့မရဘူး။ ဒါကြောင့် (၄)သင်း အပြိုင်လို့ပြောလို့ရပြီး အမှားမခံဘူး။ ဒီပွဲက (၂)သင်းစလုံးအတွက် အရေးပါပြီး အ မှားမခံတဲ့ပွဲဖြစ်လို့ သရေလောက် ထိန်းကစားသွားမယ်ထင်တယ်။

ဆလိုဗေးနီးယား နှင့် ပိုလန် (စနေနံနက် ၁:၁၅ နာရီ)

ဆလိုဗေးနီးယားက အရင်လောက် အားမကောင်းတော့ ဘူး။ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ပိုလန်နဲ့ ခြေကွာပါတယ်။ ပိုလန်ပဲ အနိုင်ရဖို့များတယ်။

သြစတြီးယား နှင့် လတ်ဗီးယား (စနေနံနက် ၁:၁၅ နာရီ)

လတ်ဗီးယားက ဥရောပရဲ့ အားအနည်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တယ်။ ဩစတြီးယားကွင်းမှာ အိမ်ရှင် သေချာပေါက် ဂိုးပြတ်သွင်းလိမ့်မယ်။

စကော့တလန် နှင့် ရုရှား (စနေနံနက် ၁:၁၅ နာရီ)

ဘယ်လ်ဂျီယံက လွတ်လွတ်ကျွတ်ကျွတ်ပြေးနေတဲ့အချိန်မှာ ဒီပွဲက အုပ်စုဒုတိယနေရာအတွက် အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ရုရှားက ပိုကောင်းတဲ့အသင်းလို့ ပြောနိုင်ပေမယ့် စကော့တလန်ရဲ့ထိုးဖောက်မှုကို အထင်သေးလို့မရဘူး။ ကစားရမှာလည်း စကော့တလန်ကွင်းဖြစ်နေလို့ ရုရှား သရေလောက်ပဲရမယ်။

ဆန်မာရီနို နှင့် ဘယ်လ်ဂျီယံ (စနေနံနက် ၁:၁၅ နာရီ)

(၄)ပွဲကစားပြီး ရာနှုန်းပြည့်နိုင်ထားတဲ့ ဘယ်လ်ဂျီယံအတွက် နောက်ထပ် (၃)မှတ်သေချာနေတဲ့ပွဲပါ။ ဟာဇက် မကစားနိုင်ပေမယ့် ဘာပြဿနာမှမရှိဘူး။ ဆန်မာရီနိုလို ပွဲတိုင်းလိုလို ဂိုးပြတ်ရှုံးခဲ့တဲ့အသင်းမျိုးကို ဂိုးမြူးလေ့ရှိတဲ့ ဘယ်လ်ဂျီယံ လွယ်လွယ်ကူကူ ဂိုးပြတ်သွင်းလိမ့်မယ်။ ဂိုးမိုးရွာမယ့်ပွဲပါ။

 

Most Read

Most Recent