ဗာနာသည် ဂျာမနီအသင်းက နယ်သာလန်အသင်းအား အဝေးကွင်းတွင် (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင်ပါဝင်ခွင့်မရခဲ့ပေ။
ဂျာမနီအသင်းတိုက်စစ်မှူး တီမိုဗာနာက မိမိအနေဖြင့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်အကောင်းဆုံးကစားသမားဆုရှင် ဗန်ဒိုက် နှင့် ရင်ဆိုင်ရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
ဗာနာသည် ဂျာမနီအသင်းက နယ်သာလန်အသင်းအား အဝေးကွင်းတွင် (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင်ပါဝင်ခွင့်မရခဲ့ပေ။
ဗာနာက "ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးပါ။ အဲဒီလိုကစားသမားမျိုးနဲ့ ရင်ဆိုင်ရတာ ပျော်စရာကောင်းပါတယ်"ဟု ဆိုခဲ့သည်။
ဂျာမနီအသင်းသည် စက်တင်ဘာ (၆)ရက်တွင် နယ်သာလန်နှင့် ကစားရမည်ဖြစ်သည်။