ကမ္ဘာ့ရွှေစျေး ၁၅၃၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၇၃၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေစျေး ၁၅၃၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၇၃၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 3 September 2019
စည်သူအောင်



ကမ္ဘာ့ရွှေစျေးနှုန်းသည် စက်တင်ဘာ ၃ ရက်တွင် ၁၅၃၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာစျေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၇၃၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ဇူလိုင် ၁၈ ရက် တွင် ကျပ် ၁၁၄၃၅၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ၁၂၇၃၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး လက်ရှိအချိန်တွင် ကျပ် ၁၂၇၀၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်း ရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက် မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့သည်။ သြဂုတ် လအတွင်းတွင်လည်း စံချိန်သစ်များ ဆက် တိုက် ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၈ ရက် တွင် ကျပ် ၁၂၅၂၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၃ ရက်တွင် ကျပ် ၁၂၇၃၀၀၀ အထိ စံချိန်သစ်တင်ခဲ့သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအ လိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများ မှာ မတ်တွင် ကျပ် ၁၀၄၂၅၀၀-၁၀၇၂၀၀၀၊ ဧပြီတွင် ကျပ် ၁၀၃၆၀၀၀-၁၀၅၅၀၀၀၊ မေ တွင် ကျပ် ၁၀၃၆၀၀၀ -၁၀၅၉၀၀၀၊ ဇွန်တွင် ကျပ် ၁၀၅၆၀၀၀ -၁၁၃၀၀၀၀၊ ဇူလိုင်တွင် ကျပ် ၁၀၉၇၀၀၀ -၁၁၅၀၀၀၀၊ သြဂုတ်တွင် ကျပ် ၁၁၄၁၅၀၀-၁၂၆၃၀၀၀ တို့ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။

 

 

Most Read

Most Recent