၂၀၁၉ နွေရာသီအပြောင်းအ ရွှေ့ကာလတွင် ဥရောပထိပ်သီးလိဂ်များ ငွေကြေးအပြိုင်အဆိုင် သုံးစွဲခဲ့ကြသည့်နည်းတူ ဘွန်ဒစ်လီဂါအနေဖြင့်လည်း အသုံးစရိတ်စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။
ဘွန်ဒစ်လီဂါအသင်းများ၏ စုစုပေါင်းအသုံးစရိတ်မှာ ယူရို(၆၉၉.၅) သန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခု နှစ်က ဘွန်ဒစ်လီဂါကလပ်(၁၈)သင်း၏ ကစားသမားသစ်ခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲမှုမှာ ယူရို(၅၇၇) သန်း ရှိခဲ့ခြင်းဖြစ်သည်။
ယခုနွေရာသီတွင် ဘွန်ဒစ်လီဂါသို့ ကစားသမားသစ် (၁၅၆)ဦးရောက်ရှိခဲ့သည့်အနက် အငှားဖြင့်ခေါ်ယူခဲ့သည့် ကစား သမားမှာ (၂၆)ဦးရှိခဲ့ကြောင်းလည်း သိရှိရသည်။
ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် စံချိန်တင်ခဲ့သည့်ကစားသမားမှာ အက်သလက်တီကိုမှ ဘိုင်ယန်မြူးနစ်သို့ ယူရိုသန်း(၈၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် လူးကပ်စ်ဟာနန်ဒက်ဇ်ဖြစ်သည်။
ဒေါ့မွန်က ငွေအသုံးဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖရန့်ဖတ်အသင်းက ကစားသမားရောင်းချမှုမှ ငွေအရှာနိုင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့သည်။