Sky Sports တွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် နာမည်ကျော်နည်းပြဟောင်း မော်ရင်ဟိုက အာဆင်နယ်နှင့် စပါးပွဲအပြီးတွင် ယင်းပွဲအပေါ် သုံးသပ်ချက်များပြုလုပ်ခဲ့ရာ၌ လီဗာပူးလ်အသင်းတွင် ကစားပါက အူဘာမီယန်း ဂိုးများစွာရ လိမ့်မည်ဟု ချီးကျူးခဲ့သည်။
မော်ရင်ဟိုက ''ကျွန်တော့်အမြင်ကိုပြောရရင် အာဆင်နယ်အသင်းဟာ ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားပြီး ပုံမှန်အားဖြင့်ဆိုရင်တော့ အူဘာမီယန်း-လာကာဇက်-ပေပေအတွဲကို အမြဲတမ်းသုံးသင့် တယ်လို့ထင်တယ်။ အူဘာမီယန်းက အထောင်တိုက်စစ်မှူးနေရာမှာ ကစားချင်တဲ့ ကစားသမားပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာဆိုရင် ဂိုးတွေပိုရ လိမ့်မယ်ဆိုတာလည်း သူသိပါတယ်။ ဒါပေမဲ့ ဘယ်တောင်ပံတိုက်စစ်မှာလည်း သူ ဂိုးတွေအများကြီးသွင်းနိုင်ပါတယ်။ လီဗာပူးလ်ကိုကြည့်ပါ။ ဖေမီနိုက နောက်ကိုဆင်းတွဲတယ်။ တိုက်စစ်မှူးတွေနဲ့ ကွင်းလယ်လူတွေ အတန်း လိုက်နေရာယူထားတဲ့ ကြားထဲမှာနေတယ်။ ဆာလာနဲ့ မာနေတို့ကြားမှာ နေရာလွတ်တွေကို ဖန်တီးပေးပြီး၊ ဆာလာနဲ့ မာနေတို့က တောင်ပံကနေ တိုက်စစ်ကို ကန့်လန့်ဖြတ်ဝင်ကစား လေ့ရှိတယ်။ ဒီအခြေအနေမှာ အူဘာမီယန်းသာ လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံမှာရှိနေရင် ဒီ့ထက်ပိုပြီး ဂိုးတွေသွင်းနိုင်ပါလိမ့်မယ်။ အာဆင်နယ်မှာတော့ လာကာဇက်က ဖေမီနိုလို မကစားနိုင်ဘူး''ဟု ပြောကြားခဲ့သည်။