၂၀၁၈-၂၀၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒဏ်ရာရရှိမှုနှင့် ဒဏ်ရာရကစားသမားအတွက်ကုန်ကျမှု စံချိန်တင်မြင့်တက်

၂၀၁၈-၂၀၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒဏ်ရာရရှိမှုနှင့် ဒဏ်ရာရကစားသမားအတွက်ကုန်ကျမှု စံချိန်တင်မြင့်တက်
Photos: Getty Images
Photos: Getty Images
Published 1 September 2019

ယင်းစစ်တမ်းကို လန်ဒန်မြို့ အခြေစိုက် JLT Group အာမခံလုပ်ငန်းအုပ်စုက ထုတ်ပြန်ခြင်းဖြစ် ပြီး တစ်ရာသီအတွင်း ကလပ်အသင်းများ၏ ဒဏ်ရာရရှိမှုအရေအတွက်မှာ ၇၆၄ ကြိမ်ရှိခဲ့ကြောင်း သိရသည်။ ယင်းပမာဏမှာ ၂၀၁၇-၂၀၁၈ ရာသီထက် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး နောက်ဆုံးရှစ်နှစ်အတွင်း ဒဏ်ရာရရှိမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ 

 

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများ ဒဏ်ရာရရှိမှုနှင့် ဒဏ်ရာရကစားသမားအတွက်ကုန်ကျမှုစရိတ် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ယင်းစစ်တမ်းကို လန်ဒန်မြို့ အခြေစိုက် JLT Group အာမခံလုပ်ငန်းအုပ်စုက ထုတ်ပြန်ခြင်းဖြစ် ပြီး တစ်ရာသီအတွင်း ကလပ်အသင်းများ၏ ဒဏ်ရာရရှိမှုအရေအတွက်မှာ ၇၆၄ ကြိမ်ရှိခဲ့ကြောင်း သိရသည်။ ယင်းပမာဏမှာ ၂၀၁၇-၂၀၁၈ ရာသီထက် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး နောက်ဆုံးရှစ်နှစ်အတွင်း ဒဏ်ရာရရှိမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ 

ဒဏ်ရာရရှိမှုမြင့်တက်လာခြင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကျိုးဆက်ကြောင့်ဖြစ်ပြီး ကစားသမားများအနေဖြင့် ပွဲပန်းမှု၊ နွေရာသီအားလပ်ရက် အနားယူချိန် နည်းပါးမှုများကြောင့်ဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိမှုအများဆုံးအဖြစ် မန်ယူ အသင်းက ၆၃ ကြိမ်ဖြင့် ရပ်တည်နေပြီး စပါးအသင်းက ၆၁ ကြိမ်၊ လီဗာပူးလ်အသင်းနှင့် ချယ်လ်ဆီးအသင်းက အကြိမ် ၅၀၊ အာဆင်နယ်အသင်း က ၄၉ ကြိမ်ဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။ 

ချန်ပီယံ မန်စီးတီးအသင်းအနေဖြင့် ဒဏ်ရာရရှိမှု ၄၄ ကြိမ်သာရှိသော်လည်း ဒဏ်ရာရကစားသမားများအတွက် ကုန်ကျစရိတ်အမြင့်ဆုံးအဖြစ် ရပ်တည်နေပြီး ပေါင် ၂၆.၃ သန်း ပေးချေခဲ့ရကြောင်း သိရသည်။ ၎င်း ၏နောက်တွင် မန်ယူအသင်းက ပေါင် ၂၅.၂ သန်း၊ အာဆင်နယ်အသင်းက ပေါင် ၂၄.၂ သန်း၊ ဝက်စ်ဟမ်းအသင်းက ပေါင် ၂၂.၈ သန်း၊ စပါး အသင်းက ပေါင် ၁၇.၉ သန်း၊ ပဲလေ့စ်နှင့် ချယ်လ်ဆီးအသင်းက ပေါင် ၁၁.၅ သန်းစီ ပေးချေခဲ့ရသည်။

ဒဏ်ရာရရှိမှုအနည်းဆုံးနှင့် ဒဏ်ရာရကစားသမားများအတွက် ကုန်ကျစရိတ်အနည်းဆုံးမှာ ဝုလ်ဗ် အသင်းဖြစ်ပြီး တစ်ရာသီအတွင်း ဒဏ်ရာရရှိမှု ၁၁ ကြိမ်သာရှိသလို ယင်းကစားသမားများအတွက် ပေါင် ၁.၁ သန်းသာ ပေးချေခဲ့ရသည်။ ဒဏ်ရာရကစားသမားများ အတွက် အနားယူချိန် အများဆုံးပေးခဲ့ရသည့်အသင်းမှာ ဝက်စ်ဟမ်းဖြစ်ပြီး တစ်ဦးချင်းစီအနားယူရသည့်ရက်များကို စုပေါင်းတွက်ချက်ပါက ၂၀၀၃ ရက်အထိရှိကြောင်း သိရသည်။

 

Most Read

Most Recent