Once Upon A Time In Hollywood ရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသ

Once Upon A Time In Hollywood ရုပ်ရှင်ဇာတ်ကား ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသ
Published 29 August 2019

Once Upon A Time In Hollywood ရုပ်ရှင်ကို ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ၌ သြဂုတ် ၂၉ ရက်မှစတင်ကာ ရုံတင်ပြသထားသည်ဟု သိရသည်။ ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဇူလိုင် ၂၆ ရက်မှစတင်ကာ ပြသခဲ့ခြင်းဖြစ်သည်။

အရာရာတိုးတက်ပြောင်းလဲစပြုလာသည့် ၁၉၆၉ ခုနှစ်ကာလကိုအခြေပြုကာ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ၁၉၅၀ ခုနှစ်များက ထုတ်လွှင့်ခဲ့သည့် Bounty ဇာတ်လမ်းတွဲတွင် အောင်မြင်ခဲ့သော်လည်း လက်ရှိအချိန်တွင် နာမည်ဂုဏ်သတင်းမှေးမှိန်နေသည့် မင်းသားကြီး Rick နှင့် သူ၏ လူစားထိုးစတန့်သရုပ်ဆောင် Cliff Booth တို့သည် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများတွင် လူအများမမှတ်မိနိုင်တော့သည့် သူတို့၏ နာမည်ကျော်ဇောမှုနှင့် ဂုဏ်သတင်းကို ပြန်လည်ရယူရန် ကြိုးစားခဲ့ကြသည်များကို နာမည်ကျော်ပုဂ္ဂိုလ်တို့ ဇာတ်လမ်းများနှင့်အတူ တင်ဆက်ထားသည်။

ယင်းဇာတ်ကားကို ဒါရိုက်တာ Quentin Tarantino ရိုက်ကူးပြီး Leonardo Dicaprio, Brad Pittt, Margot Robble, Emile Hirsch တို့ပါဝင်ထားသည်။ အဆိုပါဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၂၊ မင်္ဂလာ (Gold Class)နှင့် Junction City JCGV တို့၌ ပြသထားသည်။

Most Read

Most Recent