ပြီးခဲ့သည့်နှစ်က ဆရီနာဝီလျံနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ဒိုင်လူကြီးအားဝီလျံညီအစ်မနှစ်ဦး၏ ယူအက်စ်အိုးပင်းပွဲစဉ်များတွင် တာဝန်မပေးရန် ဆုံးဖြတ်

ပြီးခဲ့သည့်နှစ်က ဆရီနာဝီလျံနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ဒိုင်လူကြီးအားဝီလျံညီအစ်မနှစ်ဦး၏ ယူအက်စ်အိုးပင်းပွဲစဉ်များတွင် တာဝန်မပေးရန် ဆုံးဖြတ်
Photos: Getty Images
Photos: Getty Images
Published 25 August 2019

၂၀၁၈ ခုနှစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆရီနာဝီလျံနှင့် ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာတို့ယှဉ်ပြိုင်ကစားစဉ် ဒိုင်လူကြီး ကားလို့စ်ရာမို့စ်က ဆရီနာဝီလျံကို ရမှတ်လျှော့နှင့် ပွဲငယ်တစ် ပွဲလျှော့ပြစ်ဒဏ်ချမှတ်သဖြင့် အချင်းများခဲ့ခြင်းဖြစ်သည်။

ယူအက်စ်အိုးပင်း ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ၏ ဒိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ဒိုင်လူကြီး ကားလို့စ်ရာမို့စ်အား ယခုနှစ်တွင် ဝီလျံညီအစ်မနှစ်ဦးကစားသည့်ပွဲများ၌ တာဝန်ပေးအပ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆရီနာဝီလျံနှင့် ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာတို့ယှဉ်ပြိုင်ကစားစဉ် ဒိုင်လူကြီး ကားလို့စ်ရာမို့စ်က ဆရီနာဝီလျံကို ရမှတ်လျှော့နှင့် ပွဲငယ်တစ် ပွဲလျှော့ပြစ်ဒဏ်ချမှတ်သဖြင့် အချင်းများခဲ့ခြင်းဖြစ်သည်။ ဒုတိယပွဲ၏ ဒုတိယပွဲငယ်တွင် ဆရီနာဝီလျံအနေဖြင့် နည်းပြထံမှ အကူအညီရယူရန် ကြိုးပမ်းသည်ဟုဆိုကာ ရာမို့စ်က စတင်သတိပေးခဲ့သည်။ 

ပဥ္စမပွဲငယ် အပြီးတွင် ဆရီနာဝီလျံက ရက်ကတ်ကိုရိုက်ချိုးသဖြင့် ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ရာ ၎င်းက "ရှင်က ကျွန်မဆီက ရမှတ်တစ်မှတ်ကိုခိုးလိုက်တာ။ ရှင်လည်းသူခိုးပဲ" ဟု တုံ့ပြန်ပြောကြားသောကြောင့် ပွဲငယ်တစ်ပွဲလျှော့ပြစ်ဒဏ်ပါ ထပ်မံချမှတ်ခံခဲ့ရသည်။ သို့ဖြစ်ရာ ဆရီနာဝီလျံက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ရာမို့စ်သည် ကျား၊မခွဲခြားဆက်ဆံသူဖြစ်ကြောင်းနှင့် ၎င်းအသက်ရှင်နေသရွေ့ မည်သည့်ပွဲတွင်မျှ မိမိနှင့် ထပ်မံဆုံတွေ့ရမည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ထို့ကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲ၏ ဒိုင်အဖွဲ့က ယခုနှစ်ပြိုင်ပွဲတွင် ဆရီနာဝီလျံအပြင် အစ်မဖြစ်သူ ဗီးနပ်စ်ဝီလျံ၏ပွဲစဉ်များတွင်ပါ ရာမို့စ်ကို တာဝန်ပေးအပ်ခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် တို့အနေနဲ့ ၂၀၁၉ ယူအက်စ်အိုးပင်း ပြိုင်ပွဲအတွက် အကောင်းဆုံးဒိုင်တွေကို ရွေးချယ်ထားပါတယ်။ တချို့ကိစ္စတွေကိုတော့ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် စီစဉ်ထားပါတယ်။ ပြိုင်ပွဲအတွက်၊ ကစား သမားတွေအတွက်နဲ့ ဒိုင်တွေအတွက် ပိုကောင်း စေမယ့် ဆုံးဖြတ်ချက်တွေချမှတ်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အဲဒါ ကြောင့် ဝီလျံညီအစ်မနှစ်ယောက်ရဲ့ ပွဲတွေမှာ သူ့ကို တာဝန်မပေးဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ယူအက်စ်အိုးပင်းပြိုင်ပွဲ၏ ဒိုင်လူကြီး ဖရီမဲလ်က ပြောကြားခဲ့သည်။

Most Read

Most Recent