အိုင်ယာလန်ပရိသတ်များ၏လှောင်ပြောင်ခြင်းကို ဂရီးလစ်ရှ် ခံရမည်ဟု အိုင်ယာလန်တိုက်စစ်မှူး ရောဘတ်ဆန် သတိပေး

အိုင်ယာလန်ပရိသတ်များ၏လှောင်ပြောင်ခြင်းကို ဂရီးလစ်ရှ် ခံရမည်ဟု အိုင်ယာလန်တိုက်စစ်မှူး ရောဘတ်ဆန် သတိပေး
Photos: Getty Images
Photos: Getty Images
Published 5 September 2024

 

အိုင်ယာလန်တိုက်စစ်မှူး ရောဘတ်ဆန်က အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်အနေဖြင့် UEFA Nations League ပွဲစဉ် အိုင်ယာလန်-အင်္ဂလန်ပွဲတွင် အိမ်ရှင်ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံဖွား ဂရီးလစ်ရှ်(၂၈ နှစ်)သည် လူငယ်အဆင့်တွင် အိုင်ယာလန်ယူ-၁၇၊ ယူ-၁၈ နှင့် ယူ-၂၁ အသင်းများအတွက် ဆက်တိုက်ကစားခဲ့ပြီး ၂၀၁၅ စက်တင်ဘာတွင် ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်ကာ အင်္ဂလန်အသင်းကို ကိုယ်စားပြုရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် အိုင်ယာလန်တိုက်စစ်မှူး ရောဘတ်ဆန်က ဂရီးလစ်ရှ်အနေဖြင့် စက်တင်ဘာ (၇)ရက်(စနေနေ့)တွင် ကစားမည့် အိုင်ယာလန်-အင်္ဂလန်ပွဲတွင် အိမ်ရှင်ပရိသတ်များ၏လှောင်ပြောင်မှုကို မျှော်လင့်ထားရန် သတိပေးခဲ့ခြင်းဖြစ်သည်။ 

လူငယ်အဆင့်တွင် အင်္ဂလန်အသင်းကို ကိုယ်စားပြုခဲ့ဖူးသည့် အိုင်ယာလန်တိုက်စစ်မှူး ရောဘတ်ဆန်က "ဂရီးလစ်ရှ်အနေနဲ့ အိုင်ယာလန်နဲ့ ကစားမယ့်ပွဲမှာ အလှောင်မခံရဘူးဆိုရင် ကျွန်တော် အံ့သြမိပါလိမ့်မယ်။ ဒါပေမဲ့ ဂရီးလစ်ရှ်အနေနဲ့ လှောင်ပြောင်မှုတွေ၊ ဆဲဆိုမှုတွေကို ခံနိုင်တဲ့ အရွယ်ရောက်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးပွဲတွေမှာ လှောင်ပြောင်ခံရတာ၊ အဆဲခံရတာတွေက မဆန်းတော့ပါဘူး။ ပရီးမီးယားလိဂ်မှာလည်း သူ အလှောင်ခံနေရတာပဲလေ။ စနေနေ့မှာလည်း သူ့အနေနဲ့ လှောင်ပြောင်ခံရမယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent