ဘက်တစ်နှင့်ပွဲတွင် မက်ဆီ ပါဝင်ကစားဖွယ်ရှိနေ 

ဘက်တစ်နှင့်ပွဲတွင် မက်ဆီ ပါဝင်ကစားဖွယ်ရှိနေ 
Photo: Getty Images
Photo: Getty Images
Published 20 August 2019

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဘက်တစ်နှင့် လာလီဂါပွဲစဉ်၌ ပါဝင်နိုင်ဖွယ်ရှိနေကြောင်း Goal.com က ဖော်ပြခဲ့သည်။

အသက် (၃၂) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး ဘာစီလိုနာအသင်း၏ လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။

ဘာစီလိုနာအသင်းသည် လာလီဂါအဖွင့်ပွဲစဉ်တွင် ဘီလ်ဘာအိုအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အပြင် အသင်းတိုက်စစ်မှူး ဆွာရက်ဇ်မှာလည်း ခြေသလုံးဒဏ်ရာရှိခဲ့ပြီး (၁) လခန့်အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ထို့ပြင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် (၅) ပတ်ခန့်အနားယူရမည်ဖြစ်ရာ ဘာစီလိုနာအသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် ဂရီးဇ်မန်းတစ်ဦးတည်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

သို့သော် မက်ဆီသည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်ခြင်းမရှိသေးသော်လည်း ဒဏ်ရာမှာ ပြန်လည်သက်သာလာပြီဖြစ်ပြီး ဘက်တစ်နှင့်ပွဲတွင် အရန်ကစားသမားအဖြစ် ပါဝင်ကစားဖွယ်ရှိနေကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လာလီဂါအဖွင့်ပွဲစဉ်တွင် ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် လာမည့်တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ ဘက်တစ်အသင်းကို အနိုင်ကစားနိုင်ရန် လိုအပ်နေသည်။

Most Read

Most Recent