မြဝတီကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ၁၀ လကျော် ကာလအတွင်း ဒေါ်လာ ၈၂၄ ဒသမ ၀၂၈ သန်း ကုန်သွယ်ခဲ့ခြင်းကြောင့် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၅၀ ဒသမ ၀၉၈ သန်း ပိုမ်ိုကုန်သွယ်နိုင်ခဲ့

မြဝတီကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ၁၀ လကျော် ကာလအတွင်း ဒေါ်လာ ၈၂၄ ဒသမ ၀၂၈ သန်း ကုန်သွယ်ခဲ့ခြင်းကြောင့် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၅၀ ဒသမ ၀၉၈ သန်း ပိုမ်ိုကုန်သွယ်နိုင်ခဲ့
မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ ဝင်ရောက်လာသည့် ကုန်ကားများကို တွေ့ရစဉ်
မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ ဝင်ရောက်လာသည့် ကုန်ကားများကို တွေ့ရစဉ်
Published 20 August 2019
ကိုရွှေသိန်း (မြဝတီ)

မြန်မာ- ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ၁၀ လကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ ၈၂၄ ဒသမ ၀၂၈ သန်း ကုန်သွယ်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ် လာ ၅၀ ဒသမ ၀၉၈ သန်း ပိုမိုကုန်သွယ် နိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှုမှာ ယခင်နှစ်ကထက် များစွာလျော့ကျ နေသော်လည်း ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာသည့်အတွက် ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ ယခင်နှစ် ကာလတူကထက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြောင်းဆန်တင်ပို့မှု များပြားလာခြင်းကြောင့် ပို့ကုန်ပမာဏမှာ ၁၀ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၈၁၆ ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ် ကာလတူကထက် နှစ်ဆနီးပါး မြင့်တက်လာခဲ့က ဒေါ်လာ ၁၀၂ ဒသမ၂၇၄ သန်း ပိုမိုကုန်သွယ် နိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပြည်တွင်းစျေးကွက်သို့ ထိုင်းကုန်စည်စီးဆင်းမှုမှာ ယခင်ထက်များ ပြားနေသော်လည်း ၁၀ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၆၄၄ ဒသမ ၂၆၆ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ ထက် ၅၀ ဒသမ ၂၂၆ သန်း လျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ တရားဝင် ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုထက် လျော့နည်းနေဆဲ ဖြစ်သည်။

ယခင်ဘဏ္ဍာနှစ် အတွင်းက ရှစ်ဆခန့် လျော့နည်းခဲ့ရာမှ ယခုနှစ် မြန်မာပို့ကုန် မြင့်တက်လာသလောက် ထိုင်းကုန်ပစ္စည်း တရားဝင်တင်သွင်းမှုမှာ များစွာလျော့ကျ လာခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ်မှ ထိုင်းကုန်စည်စီးဆင်းမှု နေ့စဉ်များပြား နေသော်လည်း ကုန်သွယ်မှုပမာဏ လျော့ကျလာခြင်းမှာ တရားမဝင် ကုန်သွယ်မှု မြင့်တက်လာခြင်းကြောင်း ဖြစ်သည်ဟု မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဆိုင်ကယ်၊ စက်သုံးဆီ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အချိုရည်၊ မုန့်မျိုးစုံနှင့် ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်း အများအပြား တင်သွင်းလျက်ရှိသလို မြန်မာနိုင်ငံ ဘက်မှလည်း ထိုင်းနိုင်ငံသို့ ပြောင်းဆန်နှင့် လယ်ယာထွက်ကုန်၊ ရေသယံဇာတများ တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဂျိုင်း (ကျုံဒို) ဘောတံတားမှ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ ရနေပြီ ဖြစ်သော်လည်း လမ်းကျဉ်းခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လျက်ရှိကာ ကုန်သွယ်မှု နှောင့်နှေးနေကြောင်း သိရသည်။                         

 

Most Read

Most Recent