မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာ ၉ ဒသမ ၈၉ ဘီလျံ ပေးရန်ရှိနေပြီး ပြည်တွင်းပြည်ပကြွေးမြီ နှစ်ရပ်ပေါင်းမှာ ကျပ်ငွေဖြင့် ၃၈၁၁၇ ဘီလျံအထိရှိနေ

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာ ၉ ဒသမ ၈၉ ဘီလျံ ပေးရန်ရှိနေပြီး ပြည်တွင်းပြည်ပကြွေးမြီ နှစ်ရပ်ပေါင်းမှာ ကျပ်ငွေဖြင့် ၃၈၁၁၇ ဘီလျံအထိရှိနေ
Published 4 August 2019
ဖြိုးဝေ

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာ ၉ ဒသမ ၈၉ ဘီလျံ ပေးရန်ရှိနေပြီး ပြည်တွင်းပြည်ပကြွေးမြီ နှစ်ရပ်ပေါင်းမှာ ကျပ်ငွေဖြင့်တွက်ချက်ပါက ကျပ် ၃၈၁၁၇ ဘီလျံအထိ ရှိနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းပြည်ပ ကြွေးမြီများတွင် ဦးသိန်းစိန်လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၉၉၃၈ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၆၃၃၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၀၈၂၄  ဘီ လျံ၊ ပြည်ပကြွေးမြီ ကျပ် ၇၃၀၁ ဘီလျံ၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၀၁၄  ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၉၅၆၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၉၅၄၅ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄  ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံ တင်ရှိနေကြောင်း သိရသည်။

လက်ရှိ NLD အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၈၀၂၀  ဘီလျံ၊ ပြည်ပေ<ကးမြီ ကျပ် ၁၀၈၄၁ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၀၇၂၅  ဘီလျံနှင့် ပြည်ပကြွေးမြီ ကျပ် ၁၃၉၇၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ စာရင်းအရ ပြည်တွင်းကြွေးမြီ ကျပ် ၂၂၂၈၇ ဘီလျံ နှင့် ပြည်ပကြွေးမြီ ကျပ် ၁၃၂၆၃ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ ကျပ် ၂၂၇၈၇ ဘီလျံနှင့် ပြည်ပကြွေးမြီ ကျပ် ၁၅၃၃၀ ဘီလျံ တင်ရှိနေကြောင်း သိရသည်။

အဆိုပါ ပြည်တွင်းပြည်ပ ကြွေးမြီများ နှင့် ပတ်သက်ပြီး ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်း၊ ကြွေးမြီစီမံခန့်ခွဲမှု ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီမှတ်တမ်း တင်ခြင်းနှင့် ကြွေးမြီအစီရင်ခံခြင်းများကို စနစ်တကျ ဆောင်ရွက်နေကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။         

Most Read

Most Recent