ဂျပန်နိုင်ငံ၏ကူညီမှုဖြင့်ရေးဆွဲခဲ့သည့် National Logistics Master Plan အရ ၂၀၃၀ ပြည့်နှစ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍ လက်ရှိထက် သုံးဆပိုမိုမြင့်တက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဂျပန်နိုင်ငံ၏ကူညီမှုဖြင့်ရေးဆွဲခဲ့သည့် National Logistics Master Plan အရ ၂၀၃၀ ပြည့်နှစ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍ လက်ရှိထက် သုံးဆပိုမိုမြင့်တက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 29 July 2019

ဂျပန်နိုင်ငံ၏ကူညီမှုဖြင့် ရေးဆွဲခဲ့သည့် National Logistics Master Plan အရ ၂၀၃ဝခုနှစ်တွင် ကုန်စည်သယ်ယူပို့ဆောင် ရေးကဏ္ဍလက်ရှိထက် သုံးဆပိုမိုမြင့်တက်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဇူလိုင် ၂၇ ရက်က ပြောကြားသည်။

“ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက JICA အကူအညီနဲ့ ဆောင်ရွက်ခဲ့တဲ့ Myanmar National Transport Master Plan နှင့် National Logistics Master Plan 2017လေ့လာရေးလုပ်ငန်းတွေကို အလျဉ်းသင့်လို့ ဆွေးနွေးလိုပါတယ်။ Myanmar National Transport Master Plan မှာဆိုရင် ကျွန်တော်တို့ဟာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးဖို့အတွက် အဓိကကျတဲ့လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီး အကြံပြုထားပါတယ်။ National Logistics Master Plan မှာ လာမည့် ၂၀၃၀ ခုနှစ်ရောက်လျှင် ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍ (Cargo Demand)  ဟာ အခုလက်ရှိထက် သုံးဆပိုမိုမြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က  ဇူလိုင် ၂၇ ရက်ကပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံသုံးရေယာဉ်သစ် BH 101 လွှဲပြောင်းပေးအပ်ပွဲ၌ ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ရှစ်စင်းအသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာရေကြောင်း ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော် လက်ခံဆောင်ရွက်နေသည့် ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာကာလအတွင်း ဆိပ်ခံတံတား ရှစ်စင်း အသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းအထိရှိလာကာ ဆိပ်ကမ်းဝန်ဆောင်မှုများ လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း အလျားမှာ ၁၃၈၅ မိုင်ရှိပြီး အဆိုပါကမ်းရိုးတန်းတစ်လျှောက် ဆိပ်ကမ်းပေါင်း ကိုးခုခန့်ရှိကာ ယင်းဆိပ်ကမ်းများတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဆိပ်ကမ်းကြီးတစ်ခု ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ လက်ခံဆောင်ရွက်နေခြင်း ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို လုပ်ဆောင်ရာတွင် ယခင်နှစ်များက ရန်ကုန်ဆိပ်ကမ်းအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၃၃ စင်းရှိပြီး သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ရှစ်စင်းတည်ဆောက်ပြီးစီးခဲ့သဖြင့် ဆိပ်ခံတံတား ၄၁ စင်းအထိရှိလာပြီဖြစ်ကာ ဆိပ်ကမ်းဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထပ်မံတည်ဆောက်ပြီးစီးခဲ့သည့် ဆိပ်ခံတံတားများတွင် မီတာ ၂၀၀ ရှည်သည့် Green Asia ဆိပ်ခံတံတား၊ Elite Petro Chemical ဆိပ်ကမ်း၊ Wilmar International ဆိပ်ခံတံတားနှင့် International Bulk Terminal Thilawa တို့ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လုပ်ငန်းဆောင်ရွက်နိုင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် TEU  ၁၀၅၇၈၈၈၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် TEU ၁၀၄၃၄၆၉၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် TEU ၁၁၁၉၀၁၃ အထိ ကိုင်တွယ်ခဲ့ရာ ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် မတ်အထိ သုံးနှစ်တာအတွင်း ကုန်သေတ္တာ ၃၂၂၀၃၇၀ လုံး၊ ကုန်တန်ချိန်အနေဖြင့် ၃၆၃၆၄၆၉၄ ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent