သုံးနှစ်အတွင်း ဆိပ်ခံတံတားရှစ်စင်းအထိ တိုးချဲ့တည်ဆောက်ခဲ့သည့့် သီလဝါဆိပ်ကမ်းဒေသတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ (TMIT) ဆိပ်ခံတံတားကို တိုးချဲ့တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေ

သုံးနှစ်အတွင်း ဆိပ်ခံတံတားရှစ်စင်းအထိ တိုးချဲ့တည်ဆောက်ခဲ့သည့့် သီလဝါဆိပ်ကမ်းဒေသတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ (TMIT) ဆိပ်ခံတံတားကို တိုးချဲ့တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေ
Published 24 July 2019
ရွှန်းလဲ့ဝင်း

သုံးနှစ်တာအတွင်း ဆိပ်ခံတံတားရှစ်စင်းအထိ တိုးချဲ့တည်ဆောက်ခဲ့သည့် သီလဝါဆိပ်ကမ်းဒေသတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားသစ် (TMIT) အား တိုးချဲ့တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားသစ် (TMIT) အား ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆိပ်ခံတံတား (TMIT) မှာ ဇွန် ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှစ်စင်း အသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှု ပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော် လက်ခံဆောင်ရွက်နေသည့် ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာ ကာလအတွင်း ဆိပ်ခံတံတားရှစ်စင်း အသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းအထိရှိလာကာ ဆိပ်ကမ်းဝန်ဆောင်မှုများ လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း အလျားမှာ ၁၃၈၅ မိုင်ရှိပြီး အဆိုပါ ကမ်းရိုးတန်းတစ်လျှောက် ဆိပ်ကမ်းပေါင်း ကိုးခုခန့်ရှိကာ ယင်းဆိပ်ကမ်းများတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိက ဆိပ်ကမ်းကြီး တစ်ခုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ လက်ခံဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို လုပ်ဆောင်ရာတွင် ယခင်နှစ်များက ရန်ကုန်ဆိပ်ကမ်းအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၃၃ စင်းရှိပြီး သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှစ်စင်း တည်ဆောက်ပြီးစီးခဲ့သဖြင့် ဆိပ်ခံတံတား ၄၁ စင်းအထိရှိလာပြီဖြစ်ကာ ဆိပ်ကမ်းဝန်ဆောင်မှုများကို လက်ခံဆောင်ရွက် ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထပ်မံတည်ဆောက် ပြီးစီးခဲ့သည့် ဆိပ်ခံတံတားများတွင် မီတာ ၂၀၀ ရှည်သည့် Green Asia ဆိပ်ခံတံတား၊ Elite Petro Chemical ဆိပ်ကမ်း၊ Wilmar International ဆိပ်ခံတံတားနှင့် International Bulk Terminal Thilawa တို့ဖြစ်ကြောင်း သိရသည်။

Puma Energy Asia Sun ဆိပ်ခံတံတားမှာ ၁၃၅ မီတာရှည်ပြီး သီလဝါမြေကွက် အမှတ် ၂၅၊ ၂၆ တွင် ဂျပန်အိုဒီအေ ချေးငွေဖြင့် တည်ဆောက်ထားသည့် ဆိပ်ခံတံတား နှစ်စင်းတွင် မီတာ ၄၀၀ ရှည်ကြောင်း သိရသည်။ Kyimyindaing International Port Terminal ဆိပ်ခံတံတားမှာ မီတာ ၈၀ ခန့်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီဖြစ်သည့် ဂျပန်ယန်း ၂၃၄၈၀ မီလျံ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်) ဖြင့် တည်ဆောက်ထားသည့် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများတွင် ၄၀၀ x ၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type)၊ ၈၀-၉၀ x ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတား သုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ် စက်ကိရိယာများဖြစ်သည့် Quay Crane နှစ်စင်း၊ Trailer ခြောက်စင်းနှင့် Chassia ခြောက်စင်းတို့အား ဝယ်ယူတပ်ဆင်ထားကြောင်း သိရသည်။                            

 

Most Read

Most Recent