Emirates လေကြောင်းလိုင်းက မြန်မာနိုင်ငံမှ ခရီးသွားများအတွက် Business Class Lounge ကို အသုံးပြုနိုင်မည့်အပြင် အခြားအခွင့်အရေးများရရှိနိုင်မည့် Skywards Gold အဆင့်သို့မြှင့်တင်ပေးမည်

Emirates လေကြောင်းလိုင်းက မြန်မာနိုင်ငံမှ ခရီးသွားများအတွက် Business Class Lounge ကို အသုံးပြုနိုင်မည့်အပြင် အခြားအခွင့်အရေးများရရှိနိုင်မည့် Skywards Gold အဆင့်သို့မြှင့်တင်ပေးမည်
Emirates လေကြောင်းလိုင်း၏ လေယာဉ်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
Emirates လေကြောင်းလိုင်း၏ လေယာဉ်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
Published 19 July 2019
ရွှန်းလဲ့ဝင်း

Emirates လေကြောင်းလိုင်းက မြန်မာနိုင်ငံမှ ခရီးသွားများအတွက် Business Class Lounge အား အသုံးပြုနိုင်မည့် အခွင့်အရေးအပြင် အခြားအခွင့်အရေးများရရှိနိုင်မည့် Skywards Gold အဆင့်သို့ မြှင့်တင်ပေးမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။   

Emirates လေကြောင်းလိုင်းမှ ဇူလိုင်  ၁၈ ရက်မှ ၂၆ ရက်အတွင်း Emirates လေကြောင်းလိုင်းနှင့် ၎င်း၏မိတ်ဖက်လေကြောင်းလိုင်းဖြစ်သော Flydubai လေကြောင်းလိုင်းတို့နှင့် စာရင်းသွင်းဝယ်ယူမည့် မြန်မာနိုင်ငံသား ခရီးသွားများအား ၎င်းတို့၏ ခရီးစဉ်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် Skywards အဖွဲ့ဝင် ခရီးသွားများသည် Skywards Gold အဆင့်အဖွဲ့ဝင်အဖြစ် အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်သည်ဟု သိရသည်။

Emirates လေကြောင်းလိုင်း၏ Skywards Gold အဆင့် စီးနင်းလိုက်ပါသူများအနေဖြင့် အထူးအခွင့်အရေးများစွာအား ရရှိနိုင်မည်ဖြစ်ပြီး အဆိုပါအခွင့်အရေးများတွင် Skywards Gold အဆင့်အဖွဲ့ဝင်နှင့် ၎င်း၏ မိတ်ဆွေတစ်ဦးတို့အတွက် Business Class Lounge အား အသုံးပြုနိုင်မည့်အခွင့်အရေး၊ အထုပ်အပိုးအလေးချိန် ၁၆ ကီလိုဂရမ် ပိုမိုသယ်ဆောင်နိုင်ခြင်း၊ အကန့်အသတ်မရှိ Wi-Fi အသုံးပြုခွင့်၊ ကြိုက်နှစ်သက်ရာ ထိုင်ခုံနေရာ ရွေးချယ်နိုင်ခွင့်နှင့် Skywards အစီအစဉ်ဖြင့် ခရီးသွားပါက ခရီးမိုင်ပမာဏ ရာခိုင်နှုန်း ၅၀ ပိုမိုရရှိနိုင်ခြင်း စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Emirates လေကြောင်းလိုင်းမှ ရန်ကုန် -ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လေးကြိမ် ပျံသန်းနေပြီး ရန်ကုန်မြို့နှင့် ဒူဘိုင်းမြို့အကြား ခရီးသွားကဏ္ဍတိုးတက်စေရန် မြန်မာခရီးသွားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Emirates လေကြောင်းလိုင်းမှ Mohammed Alwahed, Commercial Manager, Myanmar ၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အဓိကအရေးပါတဲ့ Major Gateway တစ်ခုဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ ခရီးသွားတွေ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ Emirates လေကြောင်းလိုင်းအနေနဲ့လည်း မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ လာရောက်မှု တိုးတက်လာစေဖို့အတွက် Myanmar Tourism Marketing လို မြန်မာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နိုင်ငံတကာက ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြဖို့ အတွက်လည်း Emirates အနေနဲ့ နိုင်ငံတကာက နာမည်ကြီးခရီးသွား ဘလော့ဂါတွေကို   မြန်မာနိုင်ငံကလှပပြီး ထင်ရှားကျော်ကြားတဲ့ နေရာတွေကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု နာငမအေနျ လေကြောင်းလိုင်းမှ Commercial Manager, Myanmar ဖြစ်သူ Mohammed Alwahed က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Emirates လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်နှင့် ဒူဘိုင်းအကြား တစ်ပတ်လျှင် လေးကြိမ်ပျံသန်းနေပြီး မြန်မာနိုင်ငံမှ ခရီးသည်များအား ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အမေရိကတိုက်များသို့ ချိတ်ဆက်ပျံသန်းနေခြင်းဖြစ်သည်။ ခရီးစဉ် အများစုအတွက် အလယ်ဗဟိုချက်ဖြစ်သည့် ဒူဘိုင်းမှတစ်ဆင့် Emirates လေကြောင်းလိုင်းသည် ဥရောပတိုက်မှ နေရာဒေသပေါင်း ၄၂ ခု၊ အာဖရိကတိုက်မှ နေရာဒေသပေါင်း ၂၀ ကျော်၊ အာရှနှင့် ပစိဖိတ်ဒေသမှ နေရာဒေသပေါင်း ၅၀၊ အရှေ့အလယ်ပိုင်းမှ နေရာဒေသပေါင်း ၁၃ ခုနှင့် အမေရိကတိုက်မှ နေရာဒေသပေါင်း ၁၇ ခုအပါအဝင် နိုင်ငံပေါင်း ၈၅ နိုင်ငံမှ နေရာဒေသပေါင်း ၁၅၀ အား တိုက်ရိုက်ချိတ်ဆက် ပျံသန်းနေခြင်းဖြစ်သည်။

Emirates လေကြောင်းလိုင်းသည် ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်မှစ၍ ရန်ကုန်မြို့သို့ Boeing 777 လေယာဉ်အမျိုးအစားဖြင့် ခရီးစဉ်များအား ပြေးဆွဲနေခြင်းဖြစ်ပြီး ယင်းလေယာဉ်တွင် ဆုတံဆိပ်များစွာရရှိထားသည့် Emirates ၏ လေယာဉ်တွင်းဖျော်ဖြေရေး၊ အစီအစဉ်များ ပါရှိပြီး Economy Class နှင့် Business Class နှစ်မျိုးလုံးတွင် ခရီးသည်များ သက်သောင့်သက်သာရှိစွာ စီးနင်းလိုက်ပါနိုင်ရန် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။                                    

 

Most Read

Most Recent