တရုတ်နိုင်ငံ တင်ပို့ရန် သကြားတန်ချိန် ၁၂၀၀၀၀ ကို ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုနှင့် MoU လက်မှတ် ထိုးထားပြီး တရုတ်ပြည် ဗဟိုအစိုးရ ခွင့်ပြုချက်ရလျှင် ဆက်လက် တင်ပို့မည်

တရုတ်နိုင်ငံ တင်ပို့ရန် သကြားတန်ချိန် ၁၂၀၀၀၀ ကို ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုနှင့် MoU လက်မှတ် ထိုးထားပြီး တရုတ်ပြည် ဗဟိုအစိုးရ ခွင့်ပြုချက်ရလျှင် ဆက်လက် တင်ပို့မည်
Published 25 June 2019
  မင်းလတ်

တရုတ်နိုင်ငံ တင်ပို့ရန် သကြားတန်ချိန် ၁၂၀၀၀၀ ကို ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုဖြင့် MoU လက်မှတ် ထိုးထားပြီး တရုတ်ပြည် ဗဟိုအစိုးရ ခွင့်ပြုချက်ရလျှင် ဆက်လက် တင်ပို့သွားမည်ပြီး သကြားတန်ချိန် ၁၀၀၀၀ ကို ယူနန်အစိုးရ ခွင့်ပြုချက်ဖြင့် တင်ပို့ရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ သကြားတန်ချိန် ၁၂၀၀၀၀ ကို တရုတ်နိုင်ငံသို့ ရောင်းချနိုင်ရေးအတွက် နှစ်ဖက် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ယူနန်ပြည်မှ ရွှေလီသာထွန်း ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံမှ ငွေရည်ပုလဲ ကုမ္ပလီမိတက်တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ်ဗဟိုအစိုးရ ခွင့်ပြုချက်မလိုဘဲ ယူနန်ပြည်နယ် အစိုးရ ခွင့်ပြုချက်ဖြင့် တင်ပို့လို့ရသည့် သကြားတန် ၁၀၀၀၀ ကို  MoU ထိုးရန် ကျန်ရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ ယူနန်ပြည်နယ်က ကုမ္ပဏီတစ်ခုနဲ့ V to V ထိုးထားတယ်။ MoU ထိုးတာပြီး တရုတ်နိုင်ငံ ဗဟိုအစိုးရ၏ ခွင့်ပြုချက်ရမှ ဆက်လက် လုပ်ဆောင်ရမယ် ကျွန်တော်တို့ သကြားတင်ပို့မှု အတွက်ကလည်း အချိန်ယူပြီး လုပ်ရမယ်။ စာချုပ်အရကလည်း သကြားကို နယ်စပ်ကပဲ တင်ပို့ရမယ်။ ကျွန်တော်တို့ တန် ၁၀၀၀၀ က ယူနန်ပြည်နယ် အစိုးရက အပြောပဲရှိတယ်။ လက်တွေ့ MoU မထိုးရသေးဘူး။ ဒါက ယူနန်ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့်နဲ့ သကြားတန် ၁၀၀၀၀ တင်ပို့ခွင့် ပေးမယ်လို့ ပြောတယ်။ သကြားက နယ်စပ်မှာရှိနေတဲ့ သကြားတွေ တင်ပို့ရောင်းချဖို့ စီစဉ်နေတာပါ။ ငွေရည်ပုလဲကုမ္ပဏီနဲ့ တရုတ် ယူနန်ပြည်နယ်က ကုမ္ပဏီက သကြား တင်ပို့ခွင့်စာချုပ် ချုပ်ထားတာ တန်ချိန် ၁၂၀၀၀၀ ပေါ့။ V to V ထိုးပြီး MoU ချုပ်ထားတယ်။ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်တွေ ယူရဦးမယ်။  ကျွန်တော်တို့ မြန်မာနိုင်ငံ ဘက်ကတော့ အားလုံး ခွင့်ပြုတယ်။ ကျွန်တော်တို့ တရုတ်ပြည်  ဗဟိုအစိုးရခွင့်ပြုချက် လိုအပ်နေသေးတယ်။ ဆက်လက်ပြီး လုပ်ဆောင်စရာတွေ ကျန်သေးတယ်ပေါ့။ သူတို့ဘက်ကလည်း သူတို့လိုချင်တဲ့ အချက်အလက်တွေ ကိုက်ညီမှု ရှိ မရှိ  စက်ရုံတွေ စစ်ဆေးတာတို့ အရည်အသွေး စစ်ဆေးတာတို့ ဆက်လက် လုပ်ဆောင်ရဦးမှာပေါ့။ ကြံရာသီကလည်း ခြောက်လလောက် ကျန်သေးတယ်။ အခုလက်ရှိ သကြားတွေ ရောင်းရလို့ သကြားစျေး အနည်းငယ်  ၁၀၀၀ ကျော်လောက် ဖြစ်သွားရင် ကြံစျေးက ဆက်လက် တည်ငြိမ်နိုင်တယ်။ တကယ်လို့ သကြားစျေးက ၁၀၀၀ အောက်ဆိုရင် လာမည်နှစ် ကြံစျေး အလားအလာ မကောင်းနိုင်ဘူး။ ကြံစျေးကို စျေးချပြီးဝယ်ဖို့ ရှိတယ်။ သကြားစက်တွေလည်း ငွေမပေါ်တဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီနှစ်က ကြံအထွက်နှုန်းတွေ ကောင်းတယ် ။ စိုက်ပျိုးရေး စာရင်းအရဆို တစ်ဧကကို ၂၅ တန်လောက် ထွက်ကြတယ်။ အရင်တုန်းက တစ်ဧကကို တန် ၂၀ လောက် ထွက်တယ် တန် ငါးသိန်းနီးပါး ထုတ်လုပ်နိုင်တယ်။ ကျွန်တော်တို့ တရုတ်ပြည် အစိုးရဆီကနေ နှစ်စဉ် ကိုယ်တာ ရသွားမယ်ဆိုရင် သကြား စက်မှုလုပ်ငန်းနဲ့ ကြံစိုက်ပျိုး  ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာဖို့ အလားအလာတွေ ရှိတယ်။ RE-export ကတော့ နောက်ပိုင်း ဖြစ်နိုင်ချေ နည်းသွားပြီး တရုတ် အစိုးရကလည်း တင်းကျပ်တဲ့ မူဝါဒတွေနဲ့ ကိုင်တွယ်နေတော့ ကျွန်တော်တို့က တခြားနိုင်ငံကနေ ဝယ်ယူ တင်ပို့တာကို လက်မခံတော့ဘူး။ ဒါကြောင့် RE-export ကို ဖြစ်နိုင်ခြေ  မရှိတော့ဘူးလို့ ယူဆတာလေ။ ကျွန်တော်တို့ ၂၀၁၉ ခုနစ်မှာ ထိုင်းနိုင်ငံကနေ မြန်မာပြည်ဘက်ကို ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း သကြားတန် ခြောက်သောင်းကျော် တင်ပို့ထားတယ်လို့ ပြောတယ်။ သို့သော် မြန်မာနိုင်ငံမှ စာရင်းဇယားတွေ ရှာကြည့်တော့ အဲဒီလောက် စာရင်းမရှိဘူး။ ကျွန်တော်တို့ မှောင်ခို တင်သွင်းနေတာ များပြားကိန်းဂဏန်း အချက်အလက် ပြနေတယ်။ အစိုးရအနေနဲ့ မှောင်ခို တင်သွင်းနေတာ တားဆီး ပိတ်ပင်သင့်တယ်”ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုး ထုတ်လုပ်မှုမှာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဧက လေးသိန်းကျော်ရှိပြီး ကြံတန်ချိန် ၁၀ သန်းကျော် ထွက်ရှိပြီး သကြားတန်ချိန် ငါးသိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။

လက်ရှိ မြန်မာထွက် ကြံနှင့် သကြားများကို တရုတ်စျေးကွက်သို့ တင်ပို့ရောင်းချမှုသာ ရှိသည်။ ယခုနှစ်တွင် ပြည်တွင်း ကြံစိုက်ပျိုးမှုသည် ယခင်နှစ်များထက် ၃၅ ရာခိုင်နှုန်းကျော် တိုးချဲ့စိုက်ပျိုးထားကြောင်း သိရသည်။                      

Most Read

Most Recent