ကိုပါအမေရိကပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကိုပါအမေရိကပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos : AS
Photos : AS
Published 24 June 2019

ချီလီ နှင့် ဥရုဂွေး (အင်္ဂါနံနက် ၅း၃၀ နာရီ)

ချီလီအသင်းက ဂျပန်နဲ့ပွဲမှာ အကောင်းဆုံးပုံစံပြပြီး (၄)ဂိုးသွင်းနိုင်ခဲ့တယ်။ ကိုပါအမေရိကပြိုင်ပွဲရဲ့ နောက်ဆုံးနှစ်ကြိမ်ဆက် ဗိုလ်စွဲထားတဲ့အသင်းပီပီ၊ ဒီပြိုင်ပွဲမှာလည်း စုစည်းမှုကောင်းကောင်း၊ အရည်အသွေးအပြည့်နဲ့ ကစားပြနိုင်ခဲ့တယ်လို့ပဲ ပြောရမယ်။ ဥရုဂွေးက ဆွာရက်ဇ်+ကာဗာနီတိုက်စစ်အတွဲအပြင် ထိပ်တန်းကစားသမားများစွာကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ချီလီ၊  အာဂျင်တီးနားတို့လိုအသင်းတွေထက် ပိုမိုတောင့်တင်းတဲ့ လူစာရင်းလို့ ပြောလို့ရပြီး ဘရာဇီးလ်ကို ကောင်းကောင်းယှဉ်နိုင်တဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ စုဖွဲ့မှုအရကြည့်ရင်တော့ ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက်က သိပ်မရှိတော့ဘူး။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲတွေရဲ့ အစဉ်အလာကိုကြည့်ရင်လည်း တစ်သင်းနဲ့တစ်သင်းအကြား အားသာချက်၊ အားနည်းချက်မရှိသလောက်နည်းပါးနေတာကို တွေ့ရတယ်။ တစ်ခုရှိတာက ဥရုဂွေးတိုက်စစ်က ချီလီခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ စိတ်ပူစရာမရှိပေမယ့် ချီလီအသင်းရဲ့ တိုက်စစ်ပိုင်းကတော့ ဂိုဒင်၊ ဟီမင်နက်ဇ်တို့ ဦးဆောင်တဲ့ ဥရုဂွေးခံစစ်ကို ကျော်နိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် ဒီပွဲက ဥရုဂွေးအနိုင်ရဖို့ အားသာနေတဲ့ပွဲလို့ ဆိုရမယ်။

အီကွေဒေါ နှင့် ဂျပန် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

ဥရုဂွေး၊ ချီလီတို့ ပါဝင်နေတဲ့ အုပ်စုရဲ့အားနည်းတဲ့အသင်း (၂)သင်းကစားကြမယ့်ပွဲပါ။ လက်ရှိ ခြေစွမ်းလည်း သိပ်မကွာသလို၊ လူအင်အားပိုင်းမှာလည်း သိပ်မကွာဘူး။ ဂျပန်အသင်းကတော့ အီကွေဒေါထက် လူအင်အားပိုတောင့်တင်းတယ်။ (၂)သင်းစလုံး နိုင်ပွဲရှာဖို့ ကြိုးစားကြမှာမို့ ဂျပန်ကို ပိုကြိုက်ပါတယ်။

 

Most Read

Most Recent