အိုလံပစ်နေ့အထိမ်းအမှတ်ဘိလိယက်ပြိုင်ပွဲတွင် နေသွေးဦး ဗိုလ်စွဲ

အိုလံပစ်နေ့အထိမ်းအမှတ်ဘိလိယက်ပြိုင်ပွဲတွင် နေသွေးဦး ဗိုလ်စွဲ
Photos: Photos: Myanmar Billiards and Snooker Federation Facebook
Photos: Photos: Myanmar Billiards and Snooker Federation Facebook
Published 23 June 2019

ယင်းပြိုင်ပွဲတွင် ဘိလိယက် ကစားသမား ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုနှစ်ခုခွဲ၍ ယှဉ်ပြိုင်စေကာ ထိပ်ဆုံးနှစ်ဦးစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် နေသွေးဦးက ပထမ၊ ပေါက်စက ဒုတိယ၊ အောင်ဆန်းဦးက တတိယဆုရရှိခဲ့သည်။

 

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နေသွေးဦး ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ဘိလိယက် ကစားသမား ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုနှစ်ခုခွဲ၍ ယှဉ်ပြိုင်စေကာ ထိပ်ဆုံးနှစ်ဦးစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် နေသွေးဦးက ပထမ၊ ပေါက်စက ဒုတိယ၊ အောင်ဆန်းဦးက တတိယဆုရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး ဆုကြေးများ အဖြစ် ပထမဆု-ကျပ်တစ်သိန်း၊ ဒုတိယဆု ကျပ်ငါးသောင်း၊ တတိယ ဆု ကျပ်သုံးသောင်း ချီးမြှင့်ခဲ့သည်။

"ဒီနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ပြိုင်ပွဲမှာ ဘိလိယက်ပြိုင်ပွဲသာ ကျင်းပနိုင်ခဲ့ပြီး စနူကာပြိုင်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ လက်ရွေးစင် ကစားသမားတချို့က နိုင်ငံတကာ ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေပြီး ကစားသမားစုံလင်မှုမရှိတာကြောင့် ဘိလိယက်ပြိုင်ပွဲတစ်ခုပဲ ကျင်းပခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent