၂၀၁၉ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၈၃၅ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရ သက်တမ်း ၃၈ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၇၂၁၁ ဘီလျံဝန်းကျင်ရှိလာ

၂၀၁၉ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၈၃၅ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရ သက်တမ်း ၃၈ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၇၂၁၁ ဘီလျံဝန်းကျင်ရှိလာ
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုတွင် ကုန်ထုတ်လုပ်မှု စက်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုတွင် ကုန်ထုတ်လုပ်မှု စက်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 23 June 2019
စည်သူအောင်

၂၀၁၉ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၈၃၅ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေ ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၅၇၄ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၈၈၃၅၄၇၅ ဒသမ ၆၄၇ သန်း (ကျပ် ၁၈၈၃၅ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် ကျပ် ၄၁၈၂  ဒသမ ၂၉၀ ဘီလျံ (လုပ်ငန်း ၈၀)၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၃၄၁၂ ဒသမ ၂၅၀ ဘီလျံ (လုပ်ငန်း ၈၆၈ ခု)၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍတွင် ကျပ် ၂၈၅၄ ဒသမ ၃၁၀ ဘီလျံ (လုပ်ငန်း ၅၁ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၁၉၅၂ ဒသမ ၆၈၆ ဘီလျံ (လုပ်ငန်း ၁၆၄ ခု)၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၀၇၅  ဒသမ ၁၈၃ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၆၂ ဒသမ ၉၀၃ ဘီလျံ (လုပ်ငန်း ၁၁ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၆၇၆ ဒသမ ၁၂၆ ဘီလျံ (လုပ် ငန်း ၁၉ ခု)၊ မွေမြူရေးနှင့် ရေလုပ် ငန်းကဏ္ဍတွင် ကျပ် ၃၆၁ ဒသမ ၀၈၇ ဘီလျံ (လုပ်ငန်း ၈၈ ခု)၊ သတ္တု တူးဖော်ရေး ကဏ္ဍတွင် ကျပ် ၁၉၇ ဒသမ  ၀၉၁ ဘီလျံ (လုပ် ငန်း ၇၁ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၂ ဒသမ  ၅၃၄  ဘီလျံ (လုပ်ငန်း ၁၃ ခု) နှင့် အ ခြားကဏ္ဍတွင် ကျပ် ၃၂၀၉ ဒသမ  ၀၁၀ ဘီလျံ (လုပ်ငန်း ၁၄၁ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ  မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိ အစိုးရတက်ရောက်ပြီး သက်တမ်း ၃၈ လတာကာလအတွင်း ကျပ် ၇၂၁၁ ဘီလျံ  ဝန်းကျင်ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိက များပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှစ၍ ယခင်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိ လာခဲ့သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာ တွင် ကင်းလွတ်ခွင့်၊ သက်သာခွင့် များရရှိရန်အတွက် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ရရှိ ရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးက အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြု လွှာတင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးက ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။               

Most Read

Most Recent