နိုင်ငံအသင်းကိုကိုင်တွယ်ဖွယ်ရှိသည်ဟု မော်ရင်ဟို ဝန်ခံ

နိုင်ငံအသင်းကိုကိုင်တွယ်ဖွယ်ရှိသည်ဟု မော်ရင်ဟို ဝန်ခံ
Photos: These Football Times,Euro Sports
Photos: These Football Times,Euro Sports
Published 19 June 2019

မော်ရင်ဟိုက ၎င်းအနေဖြင့် လာမည့်ရာသီမတင်မီ ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်မည်ဟု ပြောကြားခဲ့ဖူးသော်လည်း လက်ရှိတွင် မိမိအနေဖြင့် နိုင်ငံအသင်းကိုသာ ကိုင်တွယ်ဖွယ်ရှိနေကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

 

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုက မိမိအနေဖြင့် နိုင်ငံအသင်းကို ကိုင်တွယ်ဖွယ်ရှိနေသည်ဟု ဝန်ခံပြောကြားခဲ့သည်။ အသက် (၅၆) နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုး မော်ရင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင် ဘာလက မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

မော်ရင်ဟိုက ၎င်းအနေဖြင့် လာမည့်ရာသီမတင်မီ ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်မည်ဟု ပြောကြားခဲ့ဖူးသော်လည်း လက်ရှိတွင် မိမိအနေဖြင့် နိုင်ငံအသင်းကိုသာ ကိုင်တွယ်ဖွယ်ရှိနေကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက "ကျွန်တော့်အနေနဲ့ ပြိုင်ပွဲသစ်တွေ ယှဉ်ပြိုင်ချင်ပါတယ်။ ကမ္ဘာ့ဖလားတို့၊ ယူရိုပြိုင်ပွဲတို့မှာ ယှဉ်ပြိုင်ချင်နေတာ ကြာပါပြီ။ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ ကလပ်အသင်းထက် နိုင်ငံအသင်းကို ကိုင်တွယ် ဖြစ်ဖို့ ပိုများပါတယ်" ဟု ဆိုခဲ့သည်။

 

သို့သော် ပေါ်တူဂီအသင်းကိုကိုင်တွယ်မည်မဟုတ်ဟု ၎င်းက ဆိုခဲ့သည်။

 

Most Read

Most Recent