လီဗာပူးလ်တောင်ပံကစားသမား အိုဂျိုအား တစ်ရာသီအငှားဖြင့် ရိန်းဂျားစ်အသင်း ခေါ်ယူ

လီဗာပူးလ်တောင်ပံကစားသမား အိုဂျိုအား တစ်ရာသီအငှားဖြင့် ရိန်းဂျားစ်အသင်း ခေါ်ယူ
Photo: Rangersfc/Twitter
Photo: Rangersfc/Twitter
Published 19 June 2019

ရိန်းဂျားစ်အသင်းသည် လီဗာပူးလ်တောင်ပံကစားသမား အိုဂျိုအား တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း ဇွန်လ (၁၈) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။

ရိန်းဂျားစ်အသင်းသည် လီဗာပူးလ်တောင်ပံကစားသမား အိုဂျိုအား တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း ဇွန်လ (၁၈) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။

အသက် (၂၁) နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား အိုဂျိုသည် လီဗာပူးလ်အသင်းနှင့်အတူ ၂၀၁၅ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် လီဗာပူးလ်အသင်းတွင် ပွဲကစားခွင့်မရဘဲ ဝုလ်ဗ်၊ ဖူလ်ဟမ်၊ Reims စသည့်အသင်းများသို့ တောက်လျှောက် အငှားချခံခဲ့ရသည်။

အိုဂျိုက လီဗာပူးလ်ကွင်းလယ်လူဟောင်း စတီဗင်ဂျရတ် နည်းပြအဖြစ် ဆောင်ရွက်နေသည့် ရိန်းဂျားစ်အသင်းမှာ မိမိအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုဂျိုက "ပြီးခဲ့တဲ့ (၂) နှစ်အတွင်းမှာ ကျွန်တော့်အနေနဲ့ အခွင့်အရေးကောင်းကောင်းမရခဲ့ပါဘူး။ ကျွန်တော့်ကိုယ်စားလှယ်တွေက ရိန်းဂျားစ်အသင်းနဲ့ စကားပြောနေတယ်လို့ ကြားတဲ့အခါ ဒါဟာ ငါ့အတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးနေရာပဲလို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရိန်းဂျားစ်အသင်းမှာ အရင်တုန်းကလို ဘောလုံးကိုပျော်ရွှင်စွာနဲ့ ကစားပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ရိန်းဂျားစ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် စတီဗင်ဒေးဗီးစ်၊ ဟက်စ်တီ၊ ဂျော်ဒန်ဂျုံးစ်နှင့် စတီဝပ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးများဖြင့် ခေါ်ယူထားပြီး အိုဂျိုမှာ (၅) ဦးမြောက် ခေါ်ယူမှုဖြစ်လာခဲ့သည်။

Most Read

Most Recent