မြောက်ကိုရီးယား-အမေရိကန်ဆက်ဆံရေး

မြောက်ကိုရီးယား-အမေရိကန်ဆက်ဆံရေး
Photo : AFP
Photo : AFP
Published 15 June 2019
မောင်ကြွယ်စိုး

ကင်ဂျုံအွန်နဲ့ ထရန့်တို့ လက်ဆွဲနှုတ် ဆက်နေပုံကို ကမ္ဘာ့သတင်းစာမျက်နှာတွေ၊ ရုပ်သံဖန်သားပြင်တွေမှာ မြင်တွေ့ခဲ့ကြရပါ တယ်။ အဲဒီဖြစ်စဉ်က ၂၀၁၈ ဇွန် ၁၂ ရက်ဖြစ် ပါတယ်။ စင်ကာပူမှာ ထရန့်နဲ့ ကင်တို့ တွေ့ဆုံ တဲ့ ထိပ်သီးဆွေးနွေးပွဲဟာ သမိုင်းဝင်ခဲ့ပါ တယ်။ ခေါင်းဆောင်နှစ်ဦးစလုံးက ပြောင်းလဲ မှုတစ်ရပ်ကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ ကင်ဂျုံအွန် က ပြုံယမ်းအနေနဲ့ နျူလက်နက်ဖျက်သိမ်း ရေးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မပြုခဲ့ပါဖူး။ ဒါပေမဲ့ ထရန့်နဲ့ ကင် နှစ်ဦးစလုံးက တွေ့ဆုံ ဆွေးနွေးခြင်းက နျူ အရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ အဖြေ ရှာနိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးလည်း အပြုသဘောဆောင်ဖို့ ရှိနေတယ်လို့ နိုင်ငံတကာက မျှော်လင့်ခဲ့ ပါတယ်။

ဒါပေမဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၂၇ ၊ ၂၈ ရက်မှာ ဟနွိုင်းထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့ ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ သူတို့နှစ်ဦး ညစာအတူစားကြပါတယ်။ ထရန့်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြုလုပ်မယ့် ထိပ်သီး စည်းဝေးပွဲ အလွန်အေင်မြင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ထရန့်က ကင်နဲ့ မတွေ့မီ နာရီ ပိုင်းအလိုမှာပဲ Twitter မှာ ‘မိတ်ဆွေ ကင်ဂျုံ အွန်သည် နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန် သဘောတူလိုက်ပါက မြောက် ကိုရီးယား၏ အနာဂတ် အံမခန်းကောင်းမွန် လာလိမ့်မည်’ လို့ ရေးသားခဲ့ပါတယ်။

စင်ကာပူထိပ်သီး ဆွေးနွေးပွဲမှာ မရေ မရာသဘာတူညီချက်တစ်ခုနဲ့ အဆုံးသတ်ခဲ့ ရပြီးတဲ့နောက်မှာ ထရန့်က သူ့ကိုယ်သူ ကာ ကွယ်တဲ့အနေနဲ့ ဒီမိုကရက်တစ် အတိုက်အခံများကို ‘မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကျုပ်ကို ဘာလုပ်သင့်တယ်ဆိုတာ ပြောနေ တာတွေရပ်ပြီး ဘာဖြစ်လို့ ဒါကို မလုပ်ခဲ့တာ လဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရင်ပြန်မေးပါဦး’ လို့ ထရန့်က Twitter မှာ ရေးခဲ့ပါသေးတယ်။

၂၈ ရက်မှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဖူး။ သဘောတူညီချက် တစ်စုံတစ်ရာမှလည်း မရခဲ့ပါဖူး။ ဟနွိုင်းထိပ်သီး ဆွေးနွေးပွဲမှာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ငြိမ်းချမ်း ရေးသဘောတူညီချက် ကြေငြာနိုင်မှု၊ ပြုံယမ်း က တောင်ကိုရီးယားနဲ့ စီးပွားရေးသဘောတူ ညီချက်များ ဖော်ဆောင်ခွင့်ရဖို့ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့မှုစတဲ့ သဘောတူ ညီချက်တွေ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် တွေလည်း ဖြစ်မလာပါဘူး။ ခေါင်းဆောင် နှစ်ဦးဟာ မူလစီစဉ်ထားတဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို ဖျက်သိမ်းပြီး ထိပ်သီးဆွေးနွေးပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်တွေ စွန့်ဖို့ ရည်ရွယ်ချက် လုံးဝမရှိ ဖူးဆိုတဲ့ သဘောထားကို ဟနွိုင်းထိပ်သီး ဆွေးနွေးပွဲမှာ ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုးလ်မြို့ ကွတ်ခ်မင်းတက္ကသိုလ်က ပါမောက္ခ အွန်ဒရေးလန်ကော့ဗ်က သုံးသပ်ခဲ့ပါတယ်။ မေ ၄ ရက်မှာ မြောက်ကိုရီးယားက ရော့ကက် နဲ့ တာတိုပစ် ပဲ့ထိန်းလက်နက်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပြီး ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ် ခဲ့တဲ့ သတင်းကို မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မြောက်ကို ရီးယားဟာ ၂၀၁၇ နိုဝင်ဘာက ဒုံးကျည်စမ်း သပ်မှုတစ်ခုကို နောက်ဆုံးလုပ်ဆောင်ခဲ့ပါတယ်။

‘စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အင်အားကြီးမားမှုနဲ့သာ အာမခံပေးနိုင်တယ် ဆိုတာ အမှန်တရား’ လို့ ကင်က ပြောကြားခဲ့သလို အစိုးရပိုင် မေ ၅ ရက်ထုတ် ရိုဒေါင်ရှင် မှန်သတင်းစာမျက်နှာဖုံးမှာ လက်နက်စမ်း သပ်မှုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံ ၁၆ ပုံကို ဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံတစ်ပုံမှာ ခက်ထန်တဲ့ မျက်နှာထားနဲ့ မှန်ပြောင်းကိုင်ထားတဲ့ ကင်ဂျုံအွန် တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ထရန့်ကတော့

‘မြောက်ကိုရီးယားမှာ ကြီးမားတဲ့ စီးပွားရေး အလားအလာရှိတာကို ကင်ဂျုံအွန် အပြည့် အဝ နားလည်ပါတယ်။ ဒီအခြေအနေကို အဆုံးသတ်ဖို့ ဒါမှမဟုတ် နှောင့်ယှက်ဖို့ သူ ဘာမှ လုပ်မှာ မဟုတ်ဖူးလို့ ယုံကြည်ပါတယ်။ သူနဲ့အတူ ကျွန်တော်ရှိနေတဲ့ အကြောင်းလည်း သူသိပါတယ်။ ကျွန်တော့်ကို ပေးထားတဲ့ ကတိကို သူဖျက်မှာ မဟုတ်ဖူး။ သဘော တူညီချက်တွေ ဖြစ်လာမှာပါ” လို့ ထရန့်က Twitter  မှာ ရေးခဲ့ပါတယ်။ ကင်က ဘာ ကတိကဝတ်တွေ ပေးထားတယ်ဆိုတာကိုတော့ ထရန့်က ထုတ်ဖော်ခြင်း မပြုခဲ့ပါဖူး။

ကင်နဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေတွေ မရှိကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ ကင် က ရော့ကက်နဲ့ တာတိုပစ် ပဲ့ထိန်းလက်နက် တွေ စမ်းသပ်မှု မပြုခင် ဧပြီ ၁၈ ရက်ကပဲ နျူ ကလီးယားလက်နက် စီမံကိန်းဆိုင်ရာ ဆွေး နွေးပွဲများတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုကို ဖယ်ရှားပြီး အခြား တစ်ယောက်နဲ့ အစားထိုးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်တန်ကိုပါ ဖယ်ပစ် ဖို့ တောင်းဆိုခဲ့ပြီး အမေရိကန်တို့က သူတို့ တောင်းဆိုချက်ကို လက်မခံပါက မိမိတို့ လမ်းကြောင်းတစ်ခု ရှာဖွေမှာ ဖြစ်ပါတယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

ဟနွိုင်းထိပ်သီး ဆွေးနွေးပွဲမှာ ထရန့်နဲ့ ကင်တို့ နှစ်ဦးဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ပုံ မူ ခဲ့ကြပါဖူး။ ထရန့်က နျူလက်နက်လုံးဝဥဿုံ ဖျက်သိမ်းရေး လိုလားပြီး ကင်ကတော့ တစ် ဆင့်စီ ဖျက်သိမ်းရေးကို လိုလားခဲ့ပါတယ်။ သဘောထားတွေ ကွဲပြားနေကြတဲ့အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးဖိုဟာ အလှမ်းဝေးနေပြီး တစ်ယောက်ကို တစ် ယောက် အပြစ်ပုံချရင်းနဲ့ပဲ အချိန်ကုန်ခဲ့ပါ တယ်။

ထရန့်နဲ့ကင်တို့ တတိယအကြိမ် တွေ့ ဆုံဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ အဆင့်မြင့် အရာရှိတွေ တွေ့ဆုံမှုကို ဦးစွာ လုပ်ဆောင်ဖို့ လိုကြောင်း ၀ါရှင်တန်က လက်ခံထားပါတယ်။ ထရန့်ကလည်း ထိပ်သီးဆွေးနွေးပွဲကို အဆော တလျင် လုပ်လို့တဲ့ ဆန္ဒမရှိသေးပါဘူး။ ကင် ဘက်ကသာ လုပ်စရာရှိတာတွေကို လုပ်ဖို့ လိုအပ်နေပါတယ်။ နျူကလီးယားလက်နက် တွေကို မြောက်ကိုရီးယားက စွန့်လွှတ်ဖို့ လို အပ်တယ်လို့ ၀ါရှင်တန်က စွဲစွဲမြဲမြဲ ကိုင်စွဲ ထားပါတယ်။ မြောက်ကိုရီးယားက မကြာ သေးခင်က ရော့ကက်နဲ့ တာတိုပစ် ပဲ့ထိန်း လက်နက်စမ်းသပ် ပစ်လွှတ်ခဲ့မှုအပေါ် ထရန့် က ပူပန်မှုမရှိပါဖူး။

အမေရိကန်က မြောက်ကိုရီးယားနိုင်ငံ ကို အရေးယူ ပိတ်ဆို့မှုကတော့ ဆက်လက်ရှိ နေမှာပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက် ကလည်း လုံးဝလျှော့မပေးဘဲ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကို လုပ်ဆောင်နေမှာ ဖြစ်ပြီး ရော့ကက်နဲ့ တာတိုပစ် ပဲ့ထိန်းဒုံး လက် နက်စမ်းသပ်မှုဟာ ၀ါရှင်တန်ကို သတိပေး လိုက်ခြင်း တစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေ ရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုကိုတော့ ဆက် လက်လုပ်ဆောင်ဖို့ ရှိနေတယ်ဆိုတာကို လည်း ပြသနေပါတယ်။ ထရန့်နဲ့ ကင်တို့ တတိယအကြိမ် တွေ့ဆုံမယ်ဆိုရင်တော့ သဘောတူညီမှုရဖို့တာ မလွယ်ပါဘူး။ အမေ ရိကန်က မြောက်ကိုရီးယားနိုင်ငံကို နျူကလီး ယားလက်နက်ပိုင်တဲ့ နိုင်ငံအဖြစ် လက်မခံ နိုင်သလို မြောက်ကိုရီးယားနိုင်ငံကလည်း နျူကလီးယားလက်နက်မရှိတဲ့ နိုင်ငံဘဝမျိုး အဖြစ်မခံနိုင်ပါဖူး။

Most Read

Most Recent