သစ်ပင်စိုက်စို့ (ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့)

သစ်ပင်စိုက်စို့ (ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့)
photo : ecotech
photo : ecotech
Published 15 June 2019
ဒေါက်တာခင်မောင်ညို

(၁)

“ကိုဘသစ်ရေ ဇွန် ၅ ရက်ဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မဟုတ်လား၊ ခင်ဗျား ခါတိုင်း ဇွန် ၅ ရက် မတိုင်မီကတည်းက ဒီလိုဆောင်းပါးတွေ ရေး ပို့တယ်မဟုတ်လား”

“ဟုတ်တယ်လေ။ ဒါပေမဲ့ ဒီနှစ်က စိတ် ထဲ တစ်မျိုးကြီးဖြစ်နေလို့”

“ဘယ်လိုဖြစ်တာလဲ”

“ခင်ဗျားစဉ်းစားကြည့်လေ။ ထိပ်ပြောင် နေတဲ့လူက ဆံပင်ပေါက်ဆေးရောင်းတယ် ဆိုရင် ခင်ဗျား ဝယ်ချင်ပါ့မလား”

]]ဒါတော့ ဘယ်ဝယ်ချင်ပါ့မလဲ၊ ဒါပေမဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့နဲ့ ဘာဆိုင်လို့ လဲ”

“ကမ္ဘာမှာ လေထုညစ်ညမ်းမှုတွေအ ဆိုးရွားဆုံးလို့ အသတ်မှတ်ခံထားရတဲ့ တရုတ် က လေထုညစ်ညမ်းမှုကို ကြွေးကြော်တဲ့ အ ခမ်းအနားပြုလုပ်လို့ပါ”

“ဟားဟားဟား၊ ခင်ဗျား စိတ်ကောက် တယ်ဆိုပါတော့”

“ကျွန်တော်တို့ စာရေးဆရာတွေစိတ် ကောက်လို့တော့ မရဘူး။ ကျွဲမီးတိုတာပဲရှိ တယ်”

“အေးဗျာ လေထုညစ်ညမ်းမှုဆိုတာ အဆိုးဆုံးပေါ့။ လေဆိုတာ အားလုံးပိုင်တဲ့ အရာပဲ”

“နယ်စည်းမခြား သွားလာနေတဲ့အရာ ပေါ့။ တောင်ကိုးရီးယားက သူတို့ရဲ့နိုင်ငံကို ဘယ်က ညစ်ညမ်းတဲ့လေထု ဘယ်က လာလဲ လို့ ခြေရာခံတဲ့အခါ တရုတ်ပြည်ကလာတယ် ဆိုတာ သေသေချာချာ သိရတယ်ဆိုပြီး ရုပ် သံလိုင်းတွေကနေ လာရာနဲ့ လားရာကို သေသေချာချာ ရိုက်ပြတယ်”

“မှန်ပါတယ်။ လေထုညစ်ညမ်းမှုဟာ ကျွန်တော်တို့လူတွေရဲ့ ကျန်းမာရေးကို ထိ ခိုက်စေသလို အပင်တွေကိုလည်း ထိခိုက် တယ်။ ကျွန်တော်တို့ဟာ စိုက်ပျိုးရေးနိုင်ငံ မှာ နေကြတယ်။ မချမ်းသာပါဘူး။ ဒါပေမဲ့ လေကောင်းလေသန့်လေးတော့ ရှူချင်တာ ပေါ့”

(၂)

ဇွန် ၅ ရက်ကို ကမ္ဘာ့သဘာဝပတ်ဝန်း ကျင်နေ့ Wold Environment Day အဖြစ်  ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့တာ ဘာ ကြောင့်လဲ”

“ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ဆိုတာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့ ရေမြေတောတောင် တွေကို စောင့်ရှောက်ကြဖို့ သတိပေးတာလေ။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို မစောင့် ရှောက်ဘဲ လောဘတကြီးနဲ့ မဟုတ်တာတွေ ကို မလုပ်မိအောင်ပေါ့”

“မဟုတ်တာတွေကို မလုပ်မိဘဲ ဟုတ် တာတွေ အများကြီးလုပ်ဖို့တော့ လိုတယ်။ ဒါပေမဲ့  မဟုတ်တာတွေ ဘာတွေလဲ၊ ဟုတ် တာတွေ ဘာတွေလဲ”

“ဥပမာတစ်ခု ပြောမယ်။ မဟုတ်တာ တွေက သစ်ပင်တွေကို မခုတ်ကြဖို့ဖြစ်တယ်။ ဟုတ်တာကတော့ သစ်တောပြုန်းတီးတာ ကာကွယ်မယ်၊ သစ်ပင်တွေကို စိုက်မယ်”

“ကျွန်တော်တို့ နှစ်စဉ် သစ်ပင်စိုက်တာ ပဲ၊ ဇွန်လဟာ သစ်ပင်စိုက်တဲ့လလို့တောင် သတ်မှတ်ထားတယ်”

“စိုက်တာတော့ ဟုတ်တယ်။ နှစ်စဉ် သစ်ပင်တွေ အများကြီးစိုက်ပေမဲ့ ထိန်းသိမ်း တာတွေက ပုံစံမကျဘူးထင်တယ်”

“လုံးဝ မထိန်းသိမ်းတာလည်း ရှိမှာပဲ”

“လူတိုင်းဟာ နှစ်စဉ် သစ်ပင်တစ်ပင် စိုက်တယ်ဆိုရင် ကမ္ဘာကြီးမှာ သစ်ပင်တွေ အများကြီး ပေါက်လာမှာပဲ”

“မြန်မာပြည်လိုမျိုးမှာတော့ သစ်ပက် စိုက်ရ အင်မတန်လွယ်တယ်။ တချို့နိုင်ငံတွေမှာ သစ်ပင်တစ်ပင်ဖြစ်လာဖို့ မလွယ် ဘူး။ ဒီလိုဖြစ်လာတဲ့အပင်ကို ထိန်းသိမ်းဖို့ ကြိုးစားသင့်တယ်”

“ဒါပေမဲ့ ကျွန်တော်တို့ တောသူတောင် သားတွေဟာ သစ်ပင်တွေ ခုတ် ထင်းလုပ် သုံးစွဲနေရတယ်။ ဒါကို အစားထိုးနိုင်မှ သစ်ပင်တွေ သက်သာမယ်”

(၃)

“တကယ်တော့ သစ်ပင်တွေဟာ လူ့မိတ် ဆွေ၊ သစ်ပင် မရှိရင် လူသတ္တဝါတွေ ဘာမှ မရှိတော့ဘူး”

“ဒါလောက်တောင် ဖြစ်မှာလား”

“ဒါကို တချို့က ယုံတမ်းစကားလို့ ထင်နေတယ်။ မဟုတ်ပါဘူး။ သစ်ပင်တွေ မရှိရင် သတ္တဝါတွေ စားစရာ မရှိဘူး။ သတ္တဝါတွေ မရှိရင်လူလည်း မရှိဘူး။ ပိုပြီးထူးခြားတာက  လူနဲ့ သစ်ပင်ဟာ အပြန်အလှန် အကျိုးပြုနေ တာပဲ၊ လူတွေ ရှူထုတ်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ကို အပင်တွေက သုံးတယ်။ အပင်တွေ က ရှူထုတ်လိုက်တဲ့ အောက်ဆီဂျင်ကို လူတွေ က သုံးတယ်။ ဒီနေ့ လူတွေ ပြောနေတဲ့ ကမ္ဘာ ကြီးပူနွေးခြင်းတို့ အိုဇုန်းလွှာ ပျက်စီးခြင်းတို့ ဖန်လုံအိမ်သက်ရောက်မှုတို့ လေထုထဲ PM ၂.၅ အမှုန် ပျံ့လွင့်မှုတွေအားလုံးဟာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ ဆိုင်တာပဲ”

“ဒါဆိုရင် သစ်ပင်စိုက်လိုက်ရင် အဆင်ပြေသွားမှာပေါ့ ဟုတ်လား”

“ဒီလိုလည်း မဟုတ်သေးဘူး။ သစ်တော တွေကို ထိန်းသိမ်းဖို့က ပိုအရေးကြီးတယ်”

“ဒါကတော့ဗျာ၊ သစ်ပင်တွေ အစုလိုက် အပြုံလိုက်စိုက်လိုက်ရင် သစ်တောဖြစ်လာ တာပဲ မဟုတ်လား”

“ခင်ဗျား ပြောတာ နည်းနည်းတော့ မှန် တယ်။ ဒါပေမဲ့ မျိုးတူအပင်တွေကိုပဲ စိုက်ရင် စိုက်ခင်း Plantation ဖြစ်သွားတာပေါ့။

ဥယျာဉ်ခြံကြီးတစ်ခု ဖြစ်လာမယ်။ သစ် တော ဖြစ်မလာဘူး။ သစ်တော ဖြစ်လာဖို့အ တွက် အပင်တွေမျိုးစုံ ပါဝင်ရတယ်။ ဒီတော့မှ အဲဒီသစ်တောထဲမှာ ကျေးငှက်တွေ အကောင် ပလောင်တွေ နေထိုင်နိုင်မှာ ဖြစ်တယ်၊ ဒါက အရေးကြီးတယ်”

“ကျွန်တော် ကြားဖူးတယ်။ ပျားတွေ ဟာ အပင်တွေအတွက် အင်မတန်အရေးကြီး တယ်လို့ဆိုတာ ဖတ်ဖူးတယ်”

“မှန်တာပေါ့့။ သူတို့က ဝတ်မှုန်ကူးတဲ့ အကောင်တွေပဲ။ စက်ရုံတွေများလာတော့ ပျားတွေ သေတယ်။ ဂျပန်မှာ တစ်ခါက ဒီလို အဖြစ်မျိုး ကြုံဖူးတယ်။ ပျားတင်မကဘူးဗျ၊ သစ်တောတွေထဲမှာ တီကောင်လို အကောင် တွေလည်းရှိတယ်”

သူတို့ ဘာအကျိုးပြုလဲ”

“တီကောင်တွေဟာ မြေကြီးကို ပြုပြင် ပေးတာပါပဲ။ ဒါက ကျွန်တော်တို့သိတဲ့ အ ကောင်တွေပေါ့လေ၊ ပိုးကောင်အမျိုးအစား ရာထောင်ချီပြီး တောတွေထဲမှာ နေကြတယ်။ ဒါတွေအများစုဟာ သဘာဝနဲ့ ချိန်ခွင်ညှာ ညှိကာ သဟဇာတဖြစ်စေတယ်”

(၄)

“ကျွန်တော်တို့က စက်ရုံတွေလည်း လို တယ်။ သစ်တောတွေလည်း လိုတယ်။ ဓာတ် သတ္တုတွေကို တူးဖော်ဖိုကလည်းလိုတယ်။ မြေကြီးကို သဘာဝအတိုင်း ထားဖို့လည်း လိုတယ်။ ဒါတွေဟာ တစ်ခုနဲ့ တစ်ခု ဆန့်ကျင် လို့နေတယ်မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါတွေကို Balance ဖြစ်ဖို့တော့ လိုတာပေါ့။ တစ်ဖက်စောင်းနင်း ဖြစ်သွားလို့တော့ မရဘူး။ ဒီနေ့ ကျွန်တော် တို့ ပြောနေကြတဲ့ ကမ္ဘာကြီး ပူနွေးလာတယ်ဆို တာမျိုးဟာ တစ်ဖက်စောင်းနင်း ဖြစ်လာတာ ကို ညွှန်ပြနေတယ်”

“ဘယ်လိုမျိုးကို ပြောတာလဲ”

“ခုနွေမှာဆို အလွန်ပူတယ်။ မိုးမှာ ရေတွေ ကြီးတယ်။ တချို့နေရာတွေမှာ မိုးခေါင် တယ်။ တချို့နေရာတွေမှာ မုန်တိုင်းတွေ တိုက်တယ်။ သဲကန္တာရတွေထဲမှာ နှင်းတွေ ကျတာမျိုးလည်း ဖြစ်တယ်”

“ဒီနှစ် ကျွန်တော်တို့ အပူဒဏ်အတော် ခံလိုက်ရတယ်။ ဒီကြားထဲ မီးတွေ ပျက်တာကိုး။ ဒါနဲ့တောင် ခင်ဗျားတို့ ပတ်ဝန်းကျင်သမားတွေက မြစ်ဆုံကို ဆန္ဒပြတယ်။ ကျောက်မီးသွေးသုံးစက်ရုံတွေကိုလည်း ကန့်ကွက်တာ ပဲ”

“ပတ်ဝန်းကျင် ထိခိုက်မှာတွေကို တတ်နိုင်သမျှ လျော့နည်းစေအောင်ပါ။ မြစ်ဆုံဆို ရင် ကျွန်တော်တို့အားလုံး လေးစားတဲ့ ဧရာ ဝတီမြစ်ကြီးထိခိုက်မှာစိုးလို့ပါ။ တကယ်တော့ မြန်မာပြည်ဟာ ဧရာဝတီမြစ်ကြောင့် ဖြစ်လာ တာပါ”

“ဘယ်လို”

“မြန်မာပြည်က မြို့တွေကို ကြည့်၊ မြန် မာအစ တကောင်းကတဲ့။ တကောင်းကစပြီး မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ ပုဂံ၊ ပြည် အားလုံးဟာ ဧရာဝတီမြစ်ကို အမှီပြုတည်ခဲ့တဲ့ မင်း နေပြည်တော်တွေဖြစ်တယ်။ နောက်ပြီး ကျန် တဲ့အချက်တွေလည်း အများကြီးရှိပါသေး တယ်”

“ကျောက်မီးသွေးကျတော့ရော၊ မြန်မာ ပြည်မှာ ထွက်တယ်မဟုတ်လား”

“မြန်မာပြည်မှာ ကျောက်မီးသွေးထွက် ပါတယ်။ ဒါပေမဲ့ Clean Coal လုပ်ဖို့ အရည် အသွေးမမီဘူး။ ပတ်ဝန်းကျင် ထိခိုက်မယ်။ ဒါကြောင့် ဆင်ဆင်ခြင်ခြင် လုပ်ဖို့ ပြောတာ ပါ။ ပြီးခဲ့တဲ့ လတစ်လတည်းမှာ ကျောက်မီး သွေး မိုင်းတွင်းပေါက်ကွဲမှု သုံးကြိမ်တောင် ဖြစ်တယ်။ ဖြစ်တိုင်းလည်း လူတွေ သေတယ်။ ကမ္ဘာမှာ နောက် ၁၀ နှစ်အကြာမှာ ကျောက် မီးသွေးသုံးစက်ရုံတွေ လုံးဝ မရှိရတော့့ဘူးလို့ ဆိုတယ်။ ဒီတော့ ကျွန်တော်တို့ ခုမှ ဆောက်ဖို့ မကြိုးစားသင့်ဘူးပေါ့။ တခြားတစ်ခုခု ရှာရင် ပိုကောင်းမယ်ထင်လို့ပါ”

(၅)

“ခင်ဗျားကတော့ ပတ်ဝန်းကျင်သမား တွေကို ကာကွယ်တာပေါ့လေ”

“ပတ်ဝန်းကျင်သမားတွေကလည်း ပြည် သူကို ကာကွယ်တာပါ။ ကျန်းမာရေးထက် ဘယ်အရာမှ အရေးမပါဘူး။ ကျွန်တော်တို့ က အကျိုးအကြောင်း ထောက်ပြတာပါ။ ကျွန် တော်တို့ပညာရှင်အများစုကတော့ တက်ကြွ လှုပ်ရှားသူ (Activists) တွေလည်း မဟုတ် ပါဘူး။”

“ဒါပေမဲ့ (Activists) တွေကိုတော့ ခင် ဗျားတို့ မြှောက်ထိုးပင့်ကော် လုပ်တယ်မဟုတ် လား”

“ခင်ဗျား လုပ်တာနဲ့ အမှုကြီးကုန်ပြီ။ ကျွန်တော်တို့ကို သူတို့ မေးတယ်။ ဥပမာ ဒီလို ကျောက်မီးသွေးသုံးရင် ဘာဖြစ်နိုင်လဲဆိုတာ မျိုးပေါ့”

“မကောင်းတဲ့ သက်ရောက်မှုတွေကိုပဲ ပြောလား”

“မဟုတ်ပါဘူး။ ဒီလို သုံးလို့ ပြဿနာတွေ ဖြစ်နိုင်တယ်ဆိုရင်လည်း ပြောပြပါ တယ်။ သူတို့က အစားအသောက်အကြောင်း လည်း မေးတယ်”

“ဘယ်လိုမေးတာလဲ”

“ငှက်ပျောသီးမှည့်ဆေးတို့မှာ အန္တ ရာယ်ရှိ မရှိတို့၊ ငါးပိမှာ ယူရီးယားဆေး ထည့် မထည့်ဆိုတာမျိုးတွေပေါ့။ ကျွန်တော်တို့က ရှင်းပြတယ်”

“အန္တရာယ်ရှိလား”

“ငှက်ပျောသီးမှည့်ဆေးက အန္တရာယ် မရှိဘူး။ ဒါပေမဲ့ လူတွေက ငှက်ပျောသီးနုနု တွေကို မှည့်အောင် လုပ်တော့ ပြဿနာ တက် တာပေါ့။ နုတဲ့ငှက်ပျောသီးဟာ အရသာ လည်း မရှိဘူး။ မြန်လည်း မမြန်၊ မည်းပြီးလည်း ပုပ်တာပေါ့”

“ငါးပိကျတော့ရော"

“ငါးတွေ၊ ပုဇွန်တွေထဲမှာ မူလကတည်း က ယူရီးယား ပါပြီးသားပါ။ ဒါလည်း အန္တရာယ် မရှိဘူး။ များများစားရင်တော့ ဘာမဆို ဒုက္ခ ပေးတယ်။ တန်ဆေး လွန်ဘေး”

“သဘာဝပတ်ဝန်ကျင်ကရော”

“ခုတော့ တော်တော်လွန်နေပြီ၊ ကျွန် တော်တို့ ၀ိုင်းပြီး ကြိုးစားမှ အဆင်ပြေနိုင် တယ်”

“ဒါဆို”

“သစ်ပင်စိုက်ကြစို့ပေါ့”။

Most Read

Most Recent