ကာဇိုလာအား ဗီလာရီးယဲလ်အသင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

ကာဇိုလာအား ဗီလာရီးယဲလ်အသင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို
Photo: AS
Photo: AS
Published 14 June 2019

ဗီလာရီးယဲလ်အသင်းသည် အသင်းဝါရင့်ကွင်းလယ်လူ ကာဇိုလာအား တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဇွန်လ (၁၃) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ 

ဗီလာရီးယဲလ်အသင်းသည် အသင်းဝါရင့်ကွင်းလယ်လူ ကာဇိုလာအား တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဇွန်လ (၁၃) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ 

ဗီလာရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အာဆင်နယ်အသင်းမှထွက်ခွာခွင့်ပြုခဲ့သည့် ကာဇိုလာကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းတွင်ကစားစဉ်က ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရသည့် အသက် (၃၄)နှစ်အရွယ်ရှိ ကာဇိုလာသည် ပြီးခဲ့သည့်ရာသီက ဗီလာရီးယဲလ်အသင်းတွင် ပြိုင်ပွဲစုံ (၄၆) ကစား၊ (၇) ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။

ထို့ကြောင့် ဗီလာရီးယဲလ်အသင်းသည် ဇွန်လအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကာဇိုလာကို လာမည့် ၂၀၁၉-၂၀ ရာသီကုန်အထိ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ကာဇိုလာက ဗီလာရီးယဲလ်အသင်းတွင် ဆက်ကစားခွင့်ရသည့်အတွက် မိမိအနေဖြင့် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဗီလာရီးယဲလ်အသင်းမှာ ဆက်ကစားခွင့်ရဖို့ ဖြစ်ပါတယ်။ ကျွန်တော့်ကို ကူညီခဲ့ကြတဲ့ အသင်းနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ကာဇိုလာသည် ပြီးခဲ့သည့်ရာသီက ဗီလာရီးယဲလ်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် စပိန်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ပါဝင်ကစားခဲ့ကြောင်း သိရသည်။

Most Read

Most Recent