တရုတ်ကလပ်များ စိတ်ဝင်စားနေသည့် အူဘာမီယန်းကို လက်မလွှတ်ရရန်အတွက် အာဆင်နယ်အသင်း ပြောင်းရွှေ့ကြေးကို မြှင့်တင်ထား

တရုတ်ကလပ်များ စိတ်ဝင်စားနေသည့် အူဘာမီယန်းကို လက်မလွှတ်ရရန်အတွက် အာဆင်နယ်အသင်း ပြောင်းရွှေ့ကြေးကို မြှင့်တင်ထား
Photos: New Straits Times,Metro,Zimbio
Photos: New Straits Times,Metro,Zimbio
Published 12 June 2019

ပြင်သစ်သတင်းစာ Le 10 Sport ၏ ဖော်ပြချက်အရ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းနှင့် အခြားအသင်းတစ်သင်းတို့သည် အူဘာမီယန်းကို ခေါ်ယူရန် အပြိုင်ပစ်မှတ်ထားနေပြီး ကမ်း လှမ်းရန် စီစဉ်နေကြောင်း သိရသည်။

 

အာဆင်နယ်အသင်း၏ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းအား ခေါ်ယူရန် တရုတ်စူပါလိဂ်ကလပ်အသင်းများက ပစ်မှတ်ထားလျက်ရှိရာ အာဆင်နယ်အသင်းသည် ၎င်းအား လက်မလွှတ်ရရန်အတွက် ပြောင်းရွှေ့ကြေးကို မြှင့်တင်ထားကြောင်း သိရှိရသည်။

ပြင်သစ်သတင်းစာ Le 10 Sport ၏ ဖော်ပြချက်အရ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းနှင့် အခြားအသင်းတစ်သင်းတို့သည် အူဘာမီယန်းကို ခေါ်ယူရန် အပြိုင်ပစ်မှတ်ထားနေပြီး ကမ်း လှမ်းရန် စီစဉ်နေကြောင်း သိရသည်။

သို့သော် အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အူဘာမီယန်းအား လက်လွှတ်ရန် ဆန္ဒမရှိကြောင်း သိရသည်။ အူဘာမီယန်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက အာဆင် နယ်အသင်းတွင် ဂိုးအများဆုံးအဖြစ် ပရီးမီးယားလိဂ်(၂၂)ဂိုးအပါအဝင် ပြိုင်ပွဲစုံ(၃၁) ဂိုးအထိ သွင်းယူပေးခဲ့သည်။

အာဆင်နယ်အသင်းသည် အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၆၀)သတ်မှတ်ထားကြောင်း သိရှိရသည်။ တရုတ်စူပါလိဂ်တွင် အသစ်သတ်မှတ်ထားသော ပြောင်းရွှေ့ကြေးစည်းမျဉ်းများအရ နိုင်ငံခြားကလပ်အသင်းများထံမှ ဝယ်ယူသော ကစားသမားအတွက် ဒေသခံအစိုးရထံသို့ အခွန် (၁၀၀) ရာခိုင်နှုန်း (ယင်းပြောင်းရွှေ့ကြေးငွေအတိုင်း) ပေးဆောင်ရမည်ဖြစ်ရာ တရုတ်ကလပ်အသင်းများအနေဖြင့် အူဘာမီယန်း၏ ပြောင်းရွှေ့ကြေး အလွန်မြင့်မားပါက ပေးချေရန်ခက်ခဲမည်ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent