လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော် ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာနှစ်ဘီလျံကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော် ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာနှစ်ဘီလျံကျော် လျော့ကျ
ရန်ကုန်မြို့တွင်းရှိ ပြည်ပ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
ရန်ကုန်မြို့တွင်းရှိ ပြည်ပ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 9 June 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ် လာ ၂၃ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော်ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှု လိုငွေမှာလည်း ဒေါ်လာနှစ်ဘီလျံကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃၁ ရက်အထိ ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ် လာ ၂၃ ဒသမ ၄၉၀ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင်မူ အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၀၂၆ ဘီလျံကျော်သာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၆၄ ဒသမ ၃၁၅ သန်း အထိ ပိုမိုရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိဘဏ္ဍာနှစ် ရှစ် လတွင် ပို့ကုန်တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၁၁ ဒသမ ၃၀၅ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈၄ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် အမေရိကန် ဒေါ်လာ ၇၈၇ ဒသမ ၅၂၁  သန်းအ ထိ တင်သွင်းမှုလျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုလိုငွေ ဆိုသည်မှာ မိမိနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏ ပိုမိုများနေခြင်းကို ဆိုလိုသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လ ကျော်တွင် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏနှင့် ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏ ကို နှိုင်းယှဉ်ကြည့်ပါက သွင်းကုန် တင်သွင်းမှုသည် ပို့ကုန်တင်ပို့မှု ထက် အမေရိကန်ဒေါ်လာ ၈၇၉ ဒသမ ၂၀၆ သန်း ပိုများနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ကုန်သွယ်မှုလိုငွေမှာလည်း အမေရိကန်ဒေါ်လာ ၈၇၉ ဒသမ ၂၀၆ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ ကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ၂၁၂ ဘီလျံကျော်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ ကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော် ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်ကြား ကာလ ခြောက်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ် လာ တစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပြည်ပပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံ ရရှိရန်နှင့် သွင်းကုန်တန်ဖိုးအမေရိ ကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်းကုန်သွယ်မှုပမာဏ အ မေရိကန်ဒေါ်လာ ၃၁ ဒသမ ၁  ဘီ လျံရရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားထားသည်။

 

Most Read

Most Recent