တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံပြီး သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ကာ ၂၀၂၁ ခုနှစ်မှစ၍ တစ်နှစ်လျှင် Toyota Hilux စီးရေ ၂၅၀၀ ကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်

တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံပြီး သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ကာ ၂၀၂၁ ခုနှစ်မှစ၍ တစ်နှစ်လျှင် Toyota Hilux စီးရေ ၂၅၀၀ ကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်
ရန်ကုန်မြို့အတွင်း မောင်းနှင်အသုံးပြုနေသည့် တိုယိုတာကထုတ်လုပ်သည့် မော်တော်ယာဉ်အမျိုးအစားအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့အတွင်း မောင်းနှင်အသုံးပြုနေသည့် တိုယိုတာကထုတ်လုပ်သည့် မော်တော်ယာဉ်အမျိုးအစားအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 30 May 2019
နီလာ

တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန် ၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တိုယိုတာမော်တော် ကော်ပိုရေးရှင်းမှ သိရသည်။

တိုယိုတာမော်တော်ကော်ပိုရေးရှင်း (တိုယိုတာ) အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီလီမိတက် (Toyota Myanmar Co.Ltd,TMY) ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစားမော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ပြည်တွင်းစျေးကွက်အတွင်း မော်တော်ယာဉ်အသစ်ဝယ်လိုအားမှာ မကြာသေး မီနှစ်များအတွင်း တစ်ဟုန်ထိုးတိုးတက်မြင့်မားလျက်ရှိသည်။ (၂၀၁၈ ခုနှစ် စျေးကွက်အချက်အလက်များအရ စီးရေ ၁၈၀၀၀ ခန့်ရှိပြီး ယင်းမှာ လွန်ခဲ့သောနှစ်ကာလကထက် ၂ ဒသမ ၁ ဆကျော်ရှိသည်)။ တိုယိုတာအနေဖြင့် ယခုလက်ရှိ Toyota Hilux,Vios,Rush နှင့် အခြားအမျိုးအစားယာဉ်များ တင်သွင်းရောင်းချလျက်ရှိကာ ၂၀၁၉ ခုနှစ် ဇွန်လတိုယိုတာမြန်မာ (TMY) ကိုတည်ထောင်ပြီး ပြည်တွင်းဝယ်ယူအားပေးကြသည့် စားသုံးသူများ တိုယိုတာမော်တော်ယာဉ်များအား ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ခွင့်ရစေရန်အတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်သွားမည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

တိုယိုတာမြန်မာ (TMY) စက်ရုံအား ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်သွားမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၃၀ ခန့်အပ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်ကုန်ထုတ်လုပ်ငန်းများ စတင် ဆောင်ရွက်သည့်အချိန်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD(Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်သည်။

မြန်မာစျေးကွက်အတွင်းမှ စားသုံးသူများ၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်သော ထုတ်ကုန်နှင့်ဝန်ဆောင်မှုအသစ်များ အားဆက်လက်တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက်လည်းကောင်း၊ မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း တိုယိုတာမော်တော်ယာဉ်များ ပြည်တွင်းထုတ်လုပ်မှုမှတစ်ဆင့် ထုတ်လုပ်မှုနည်းပညာတတ်ကျွမ်းသော လူသားအရင်းအမြစ်  စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း တိုယိုတာမှ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုယိုတာမြန်မာ (TMY) တွင် အစုရှယ်ယာပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားသည်။                                       

Most Read

Most Recent