ယခုနွေရာသီတွင် ဟာဇက်အား ခေါ်ယူလိုကြောင်း ပီရက်ဇ် ပြောကြား

ယခုနွေရာသီတွင် ဟာဇက်အား ခေါ်ယူလိုကြောင်း ပီရက်ဇ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 29 May 2019

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်က အသင်းအနေဖြင့် ယခုနွေရာသီတွင် ဟာဇက်ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်က အသင်းအနေဖြင့် ယခုနွေရာသီတွင် ဟာဇက်ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။

"သူ(ဟာဇက်) မက်ဒရစ်ကိုလာမှာကို အတော်လေး စိတ်ဝင်စားမိပါတယ်။ ကျွန်တော် မညာချင်ပါဘူး။ အခုနှစ် သူ ဒီမှာလာကစားဖို့ မျှော်လင့်ပါတယ်။ ရီးယဲလ်အသင်းဟာ ဟာဇက်ကိုလက်မှတ်ထိုးဖို့ ဆန္ဒရှိခဲ့တာ နှစ်အတော်ကြာပါပြီ။ အခုချိန်မှာတော့ ဒီအရာနဲ့ပတ်သက်ပြီး ဘာမှမပြီးမြောက်သေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့စာချုပ်သက်တမ်းကတော့ နောက်ဆုံးနှစ်ကို ရောက်ရှိနေပါတယ်"ဟု ပီရက်ဇ်က မေ (၂၇) ရက်ညက စပိန်ရေဒီယို Onda Cero သို့ ပြောကြားခဲ့သည်။ 

ထို့ပြင် ရာမို့စ်အတွက် တရုတ်အသင်းတစ်သင်းထံမှ အလွန်ကောင်းမွန်သည့် ကမ်းလှမ်းမှုရရှိခဲ့သော်လည်း ၎င်းအနေဖြင့် ရီးယဲလ်အသင်းရုံးခန်းတွင် ရာမို့စ်နှင့်ဆွေးနွေးပြီး တားဆီးခဲ့သည်ဟု ပီရက်ဇ်က ဖွင့်ဟခဲ့သည်။ 

ဘာပေ၊ နေမာတို့ကို ခေါ်ယူသွားမည်လားဟု မေးမြန်းမှုကို ပီရက်ဇ်က ဘာပေ သို့မဟုတ် နေမာတစ်ဦးဦးအကြောင်းကို နည်းပြ ဇီဒန်းနှင့် မပြောဖူးခဲ့ကြောင်း၊ PSG ကစားသမားတစ်ဦးကို ခေါ်ယူလိုလျှင် PSG ဥက္ကဋ္ဌကို ဖုန်းခေါ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဘေးလ်ကဲ့သို့ အသင်းတွင် အနာဂတ်မသေမချာ ဖြစ်နေသည့် ကစားသမားများနှင့်ပတ်သက်ပြီး ပီရက်ဇ်က လက်ရှိအချိန်တွင် ရီးယဲလ်မက်ဒရစ်၏မည်သည့်ကစားသမားကိုမျှ ကမ်းလှမ်းမှုလုံးဝမရှိသေးကြောင်း အတိအလင်းပြောကြားခဲ့သည်။