၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလျံ ၉၂၀ ကျော်နှင့် ဝင်ငွေခွန် ကျပ် ၉၅၁ ဘီလျံကျော် ကောက်ခံရရှိ

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလျံ ၉၂၀ ကျော်နှင့် ဝင်ငွေခွန် ကျပ် ၉၅၁ ဘီလျံကျော် ကောက်ခံရရှိ
ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင်းပသည့် အခွန်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင်းပသည့် အခွန်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 27 May 2019

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလျံ ၉၂၀ ကျော်နှင့် ဝင်ငွေခွန် ကျပ် ၉၅၁ ဘီလျံကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနက နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရရှိမှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၉၄ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၀၃ ဘီလျံကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်၁၈၅၄ ဘီလျံ ကျော်၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်၂၁ ဘီလျံကျော်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၈၇၇ ဘီလျံကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁၉၇၄ ဘီလျံကျော် ကောက်ခံရရှိခဲ့သည်ဟု သိရသည်။

နှစ်အလိုက် ဝင်ငွေခွန်ကောက်ခံရရှိမှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၄၃၂ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၉၉ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်၂၂၃၄ ဘီလျံကျော်၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၃၂၆ ဘီလျံကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂၃၂၃ ဘီလျံကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၂၂၆၃ ဘီလျံကျော် ကောက်ခံရရှိခဲ့သည်ဟု သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၃၆၀၁ ဒသမ ၇၂၁ ဘီလျံရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၅၈ ဒသမ ၀၉ ရာခိုင်နှုန်း ကောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၅၈၆ ဘီလျံကျော်ကောက်ခံရန် မျှော်မှန်ထားခြင်းကြောင်း သိရသည်။

အဆိုပါကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၇၀၅ ဒသမ ၇၂၅ ဘီလျံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁ ဒသမ ၂၆၄ ဘီလျံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၈၉၄ ဒသမ ၇၃၂ ဘီလျံ ပါဝင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှုအခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၅၃၉ ဒသမ ၃၈၄ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၁၆၈ ဒသမ ၁၇၅ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၇၇၉ ဒသမ ၈၆၆ ဘီလျံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၃၄ ဒသမ ၅၅၇ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန် ၇၉ ဒသမ ၇၃၉ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာမှ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ တံဆိပ်ခေါင်းခွန်မှ ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင် နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း (မူလခန့်မှန်း ခြေ)၊ ၂၀၁၈ ဧပြီ -စက်တင်ဘာ ကြားကာလတွင်  ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏အခွန်ကောက်ခံရရှိမှု သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက်ခဲ့သည်။ ထိုသို့ အခွန်ကောက်ခံမှုမြင့် တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအ ချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာကြားကာလတွင် အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။