ရီးယဲလ်သို့ပြောင်းရွှေ့ခွင့်ပေးရန် ချယ်လ်ဆီးအသင်းထံ ဟာဇက် တောင်းဆိုခဲ့

ရီးယဲလ်သို့ပြောင်းရွှေ့ခွင့်ပေးရန် ချယ်လ်ဆီးအသင်းထံ ဟာဇက် တောင်းဆိုခဲ့
Photos : AFP
Photos : AFP
Published 6 May 2019

ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဖြစ်သူ ဟာဇက်သည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရီး ယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် အသင်းဘုတ်အဖွဲ့အား တောင်းဆိုခဲ့ကြောင်း ဗြိတိန်မီဒီယာ Metro ၏ ဖော်ပြချက်အရ သိရသည်။

ဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံတွင် (၁၉)ဂိုး သွင်း ယူကာ (၁၅)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းကမူ ဟာဇက်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ပေါင်သန်း (၁၀၀)အလိုရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဝက်ဖို့ဒ်အသင်းနှင့် ယှဉ် ပြိုင်ခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ချယ်လ်ဆီးအ သင်းပရိသတ်များသည် ၎င်းတို့၏ Twitter စာမျက်နှာများတွင် ဟာဇက်အား နှုတ်ဆက်သည့်စာသားများအား ရေး တင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Express က ဖော်ပြခဲ့ သည်။

ချယ်လ်ဆီးအသင်းပရိသတ်တစ်ဦးက ''ဟာဇက် ဒါဟာ မင်းရဲ့ပရီးမီးယားလိဂ်နောက်ဆုံးအိမ်ကွင်းပွဲပါပဲ။ ငါ့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးနေရာကနေ မင်းကို ကျေးဇူးတင်လိုပါတယ်''ဟု ရေးသားခဲ့သလို၊ နောက်ထပ် ချယ်လ်ဆီးပရိသတ်များကလည်း ''နှုတ်ဆက်ပါတယ် ဟာဇက်''ဟု ရေးသားမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စပိန် အားကစားသတင်းစာ Marca ကလည်း ရီးယဲလ်မက်ဒရစ် အသင်းအနေဖြင့် ယခုရာသီအကုန်တွင် ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်အား ခေါ်ယူစာချုပ်နိုင်မည်ဟု ယုံ ကြည်မှုအပြည့်ရှိနေကြောင်း ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းအား တစ်ကျော့ပြန်ကိုင်တွယ်ပြီး နောက် ဟာဇက်အားအရခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ၎င်း၏အနာဂတ်အစီအစဉ်များတွင် ဟာဇက်အား ထည့်သွင်းထားကြောင်းလည်း သိရသည်။

Most Read

Most Recent